APAN ဆုပေးပွဲတွင် Grand Prize ဆုကို ဆွတ်ခူးခဲ့တဲ့ ဆောင်းဂျွန်ကီ

APAN ဆုပေးပွဲတွင် Grand Prize ဆုကို ဆွတ်ခူးခဲ့တဲ့ ဆောင်းဂျွန်ကီ

ဆိုးလ် ၊ အောက်တိုဘာ ၃ ။            ။ တောင်ကိုရီးယား မင်းသား ဆောင်းဂျွန်ကီသည်   အောက်တိုဘာ ၂ ရက်က ကျင်းပပြုလုပ်သော အာရှပစိဖိတ် သရုပ်ဆောင်များ ကွန်ရက်ဆုပေးပွဲ ( APAN)တွင်  KBS2 ရုပ်သံ၏ ဒရမ်မာဇာတ်လမ်းတွဲ “Descendant of the Sun” ဇာတ်ကားဖြင့် Grand Prize ဆုကို ဆွတ်ခူးခဲ့သည်။

“Descendant of the Sun” ဇာတ်ကားကို ယခုနှစ် အစောပိုင်းက ထုတ်လွှင့်ပြသခဲ့ပြီး အာရှတိုက် တစ်ဝန်းတွင် လူကြိက်များမှုရရှိခဲသည့် ဇာတ်ကားတစ်ကားဖြစ်သည်။

“ ကျွန်တော် ဘာပြောရမှန်းတောင် မသိပါဘူး။ ကျွန်တော် ဒီလို ကြီးကျယ်ခမ်းနားတဲ့ ဆုကို ပထမဆုံးအကြိမ် ဆွတ်ခူးခဲ့တာပါ။ ဆောင်းက မင်းသား အန်ဂျီဝုခ် နဲ့ လီဗြောင်ဟွန်းတို့ဟာ သူစံထားတဲ့ မင်းသားတွေဖြစ်တယ်။ အန် နဲ့ လီတို့ကို မီဖို့ ကျွန်တော်အလှမ်းဝေးနေဆဲ ဖြစ်ပါတယ်။ ကျွန်တော် ပရိသတ်တွေကို အကောင်းဆုံးသရုပ်ဆောင်မှုတွေ ပေးနိုင်ဖို့  မျှော်လင့်ပါတယ်”ဟု ဆောင်းဂျွန်ကီက ပြောကြားခဲ့သည်။  APAN ဆုပေးပွဲကို ဆိုးလ်မြို့Sangam – dong ဒေသရှိ  MBC ရုပ်သံဌာနချုပ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

APAN ဆုပေးပွဲကို  MBC နှင့် ကိုရီးယား ဖျော်ဖြေရေး စီမံခန့်ခွဲမှု အဖွဲ့တို့က ကြီးမှူးကျင်းပခဲ့ခြင်းဖြစ်ပြီး ကိုရီးယား ရုပ်မြင်သံကြားလိုင်းများ အားလုံးမှ ဒရမ်မာဇာတ်ကားတွဲများ ပါဝင်ဆင်နွှဲခဲ့သည်။

ဆောင်းဂျွန်ကီသည် “Descendant of the Sun” ဇာတ်ကား ခေါင်းဆောင်မင်းသမီး ဆောင်းဟေဂျို ( အွန်စော) နှင့်အတူ အကောင်းဆုံး နှစ်ယောက်တွဲ သရုပ်ဆောင်ဆုကိုလည်း ရရှိခဲ့သည့်အပြင် ကိုရီးယား မင်းသမီး ကင်ဟီးဆန်း နှင့် ထိုင်းမင်းသမီး Tanayong Wongtraku နှင့်အတူ အကောင်းဆုံး အာရှပစိဖိတ်ကြယ်ပွင့်ဆုကိုလည်း ရရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly