ပဲရစ်တွင် ဓားပြတိုက်ခံရတဲ့ ကင်ကာဒစ်ရှန်

ပဲရစ်တွင် ဓားပြတိုက်ခံရတဲ့ ကင်ကာဒစ်ရှန်

ပဲရစ် ၊ အောက်တိုဘာ ၃ ။                  ။ အမေရိကန် ရုပ်သံအကျော်အမော် ကင်ကာဒစ်ရှန်သည် ပဲရစ်မြို့ရှိ ဟိုတယ်တစ်ခုတွင်  အောက်တိုဘာ ၃ ရက် အစောပိုင်းက ဓားပြတိုက်ခံခဲ့ရကြောင်း နှင့် မျက်နှာဖုံးစွပ်ထားသော သေနတ်သမား ငါးဦးက ကင်ကာဒစ်ရှန်ကို သေနတ်ဖြင့် ချိန်ရွယ်ကာ ဒေါ်လာ သန်းပေါင်းများစွာ တန်ဖိုးရှိသော လက်ဝတ်ရတနာများကို ယူဆောင်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။

သေနတ်သမား ငါးဦး  နံနက် ၃ နာရီအချိန်က အနုပညာရှင်များ နှင့် ချမ်းသာကြွယ်ဝသူများ အသုံးပြုသော သီခြားအခန်းများဘက်သို့  ဝင်ရာက်ခဲ့ကြောင်း ရဲတပ်ဖွဲ့က   ပြောကြားသည်။

  သေနတ်သမားများသည်  မျက်နှာဖုံး နှင့် ရဲတပ်ဖွဲ့ အမှတ်အသားပါသော ဂျာကင်များကို ဝတ်ဆင်ထားကြောင်း နှင့် ကင်ကာဒစ်ရှစ်ကို ရေချိုးခန်းအတွင်း ချည်နှောင်ကာ သော့ပိတ်ခဲ့ကြောင်း သတင်းအရင်းမြစ် တစ်ခုက ပြောကြားသည်။

သေနတ်သမားများသည် ယူရို ငါးသန်း မှ ခြောက်သန်း တန်ဖိုးရှိသော လက်ဝတ်ရတနာများပါသော ရတနာ သေတ္တာက နှင့် ယူရိုလေးသန်း တန်ကြေးရှိသော လက်စွပ်တစ်ကွင်းတို့ကို ယူဆောင်သွား ခဲ့ကြောင်း သတင်းအရင်းမြစ် တစ်ခုက ပြောကြားသည်။

ခင်ပွန်းဖြစ်သူ ရက်ပါ ကာနေးဝပ်စ်သည်လည်း ကင်ကာဒစ်ရှန် ဓားပြတိုက်ခိုက်ခံရမှုကြောင့် နယူးယော့ခ် ဖျော်ဖြေပွဲကို ရုတ်တရက် ဖျက်သိမ်းခဲ့ရသည်။ ”ကျွန်တော် တောင်းပန်ပါတယ်။

မိသားစုအရေးပေါ် ကိစ္စကြောင့် ဒီဖျော်ဖြေပွဲကို ရပ်နားပါရစေ” ဟု ကာနေးဝပ်စ်က ပြောကြားခဲ့သည်။

ကင်ကာဒစ်ရှန်သည် Paris Fashion Week တတ်ရောက်ရန် ပဲရစ်မြို့တွင်ရောက်ရှိနေပြီး Balmain ဖက်ရှင်ကုမ္ပဏီ နှင့် Balenciaga ဖက်ရှင်ကုမ္ပဏီတို့တွင် ပြုလုပ်သော ပွဲများကို တတ်ရောက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly