အဒဲလ်၏ “25” တေးအယ်လ်ဘမ် တစ်နှစ်အတွင်း အချပ်ရေ ဆယ်သန်း ရောင်းချရမှုဖြင့် စိန်အဆင့် အသိအမှတ်ပြု လက်မှတ် ချီးမြှင့်ခံရ

အဒဲလ်၏ “25” တေးအယ်လ်ဘမ် တစ်နှစ်အတွင်း အချပ်ရေ ဆယ်သန်း ရောင်းချရမှုဖြင့် စိန်အဆင့် အသိအမှတ်ပြု လက်မှတ် ချီးမြှင့်ခံရ

နယူးယော့ခ် ၊ စက်တင်ဘာ ၂၈ ။          ။ ကမ္ဘာကျော်အဆိုတော် အဒဲလ်၏ “25” တေးအယ်လ်ဘမ်သည် တစ်နှစ်အတွင်း အချပ်ရေ ဆယ်သန်းရောင်းချရမှုကြောင့် အမေရိကန် တေးသံသွင်း အဖွဲ့အစည်း (RIAA)က ချီးမြှင့်သော စိန်အဆင့် အသိအမှတ်ပြု လက်မှတ် ရရှိခဲ့သည်။

“ 25” တေးအယ်လ်ဘမ်သည် အဒဲလ်၏ တတိယမြောက် တေးအယ်လ်ဘမ်ဖြစ်ပြီး ၂၀၁၅ ခုနှစ် နိုဝင်ဘာလက ဖြန့်ချိခဲ့ကြောင်း နှင့် တေးအယ်လ်ဘမ်သည် ဖြန့်ချိပြီးချိန်မှ စ၍ အချပ်ရေ ဆယ်သန်း ရောင်းချခဲ့ရသည်။

အသက် ၂၇ နှစ်ရှိ အဒဲလ်၏ “25” တေးအယ်လ်ဘမ်သည် အမေရိကန် ပြည်ထောင်စုတွင် အချပ်ရေ ဆယ်သန်း ကျော် ရောင်းချခဲ့ရမှုကြောင့်  RIAA မှချီးမြှင့်သော စိန်အဆင့် အသိအမှတ်ပြု လက်မှတ်ကို  ရထိုက်ကြောင်း   စက်တင်ဘာ ၂၇ ရက် ထုတ် Entertainment Weekly တွင် ဖော်ပြထားသည်။

ယင်းအောင်မြင်မှုသည် အဒဲလ်ကို ကမ္ဘာတစ်ဝှမ်းက သိရှိအောင် လုပ်ပေးခဲ့သည့် ၎င်း၏ “21” တေးအယ်လ်ဘမ် ထက် သာ လွန်ခဲ့သည်။ ”21” တေးအယ်လ်ဘမ်ကို ၂၀၁၁ ခုနှစ် ဇန်နဝါရီလက ဖြန့်ချိခဲ့ပြီးကြောင်း နှင့် လက်ရှိအချိန်တွင် “21” တေးအယ်လ်ဘမ် ရောင်းချရမှုသည် ၁၁ဒသမ၅သန်း ရှိသည်။

နိုဝင်ဘာ ၂၁ ရက်တွင် ၂၀၁၆ ကမ္ဘာလှည့် ဖျော်ဖြေပွဲ ပြီးစီးသည့်အခါ ဂီတလုပ်ငန်းကို ငါးနှစ်မှ ဆယ်နှစ်အထိ ခတ္တ အနားယူသွားမည် ဖြစ်ကြောင်း မကြာသေးမီက အဒဲလ်က ပြောကြားခဲ့မှုကြောင့် အမှုဆောင်များ အနေဖြင့် စိုးရိမ်ပူပန်မှုများ ရှိနေသည်။ အဒဲလ်က သားဖြစ်သူ အန်ဂျလို ကျောင်းစတတ်သည့်အခါ သားဖြစ်သူကို ကြည့်ရှု စောင့်ရှောက်လိုကြောင်း  ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags