သေနတ်ဖြင့်အကြမ်းဖက်မှု စွဲချက်ကြောင့် ဂျပန်နိုင်ငံဝင်ရောက်ခွင့် ငြင်းပယ်ခံလိုက်ရတဲ့ ခရစ္စဘရောင်း

သေနတ်ဖြင့်အကြမ်းဖက်မှု စွဲချက်ကြောင့် ဂျပန်နိုင်ငံဝင်ရောက်ခွင့် ငြင်းပယ်ခံလိုက်ရတဲ့ ခရစ္စဘရောင်း

နယူးယော့ခ် ၊ စက်တင်ဘာ ၂၃ ။             ။ R&B ကြယ်ပွင့် ခရစ္စဘရောင်းသည် ပြီးခဲ့သည့်လ အမျိုးသမီးတစ်ဦးကို သေနတ်ဖြင့် ချိန်ရွယ်ခဲ့သည့် စွဲချက်ကြောင့် ဂျပန်နိုင်ငံသို့ ဝင်ရောက်ခွင့် ငြင်းပယ်ခံလိုက်ရကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဂျပန်နိုင်ငံသည် ရာဇဝတ်မှုမှတ်တမ်းများရှိသည့်သူများ နိုင်ငံအတွင်းသို့ အလည်ပတ်လာရောက်မှုအပေါ် အလွန်တင်းကြပ်ထားပြီး  ယခုအခါ  ခရစ္စဘရောင်းသည် နိုင်ငံအတွင်းသို့ ဝင်ရောက်ရန်   ငြင်းပယ်ခံရသော နောက်ဆုံး နာမည်ကျော် အနုပညာရှင်ဖြစ်ပုံရသည်။

ဘရောင်းသည် အလုပ်ဗီဇာဖြင့် လျှောက်ထားမည်ဟု ယူဆရပြီး အပြစ်ကင်းစင်ကြောင်း သက်သေပြနိုင်မှုကြောင့် ဗီဇာချပေးမည်ဟု ယုံကြည်ထားသည်။ဘရောင်း၏ ရှေ့နေ မက်ခ်ဂီရာဂေါ့စ်က စွဲချက်တင်သူ၏ အစီရင်ခံစာတွင် ဖော်ပြထားသော လက်ဝတ်ရတနာ နှင့်သေနတ်ကို  အခင်းဖြစ်ပွားရာနေရာတွင် တွေ့ရှိခဲ့ခြင်းမရှိဟု  ပြောကြားခဲ့ခြင်းကြောင့် သက်သေအထောက်အထားမရှိသည့်အတွက်  ဘရောင်းအပေါ်တင်ထားသော စွဲချက်များကို ပယ်ချခဲ့သည်။

ဘရောင်းသည် ၎င်း၏ ရည်းစားဟောင်း ရီဟားနားကို အိမ်တွင်းအကြမ်းဖက်မှု ကျူးလွန်ခဲ့မှုကြောင့် သြစတြေးလျ နှင့် နယူးဇီလန်နိုင်ငံများသို့ဝင်ရောက်ခွင့်ငြင်းပယ်ခံခဲ့ရပြီး ဒီဇင်ဘာလက သြစတြေးလျ နှင့် နယူးဇီလန်ကမ္ဘာလှည့်ဖျော်ဖြေပွဲကို ပယ်ဖျက်ခဲ့ရသည်။

ဘရောင်းသည် မေလက “ Heartbreak On A Full Moon” တေးအယ်လ်ဘမ်သစ်ကို ကြေညာခဲ့ပြီး တစ်ချိန်တည်းမှာပဲ တစ်ကိုယ်တော် တေးသီချင်း “ Grass Is Greener” တေးသီချင်းကို ထုတ်လွှင့်ခဲ့ကြောင်း နှင့် စက်တင်ဘာ ၂၂ရက်က  Soundcloud မှတစ်ဆင့် “ Keep You In Mind” တေးသီချင်းကို ထုတ်လွှင့်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly