လူ့အခွင့်ရေးချိုးဖောက်မှု နှင့် ရာဇဝတ်မှုများကို ငွေပေးပြီးကြေအေးမှု မဖြစ်သင့်ဟု ၈၈ထုတ်ပြန်

လူ့အခွင့်ရေးချိုးဖောက်မှု နှင့် ရာဇဝတ်မှုများကို ငွေပေးပြီးကြေအေးမှု မဖြစ်သင့်ဟု ၈၈ထုတ်ပြန်

ရန်ကုန်၊ စက်တင်ဘာ ၂၂ ။         ။ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်ရေးကော်မရှင်၏ ညှိနှိုင်းဖြေရှင်းမှုတွင် ငွေကြေးတစ်စုံတစ်ရာပေးယုံဖြင့် လူ့အခွင့် အရေးချိုးဖောက်မှုနှင့် ရာဇဝတ်မှုများကို ကွယ်ပျောက်စေခြင်းမျိုး မည်သည့်အခါမျှခွင့်မပြုထိုက်ဟု ၈၈မျိုးဆက် (ငြိမ်းချမ်းပွင့်လင့်လူ့အဖွဲ့အစည်း) က ထုတ်ပြန်လိုက်သည်။

 “ ဒါမျိုးးတွေကို ကျွန်တော်တို့က ငွေပေးပြိးကြေအေးလို့ရမယ်ဆိုရင် လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ရာဇဝတ်မှုတွေ ဆိုတာ ဖျောက်ဖျက်လို့ရနိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်နေတယ်ဗျ ။“ ကျွန်တော်တို့ကတော့ ဒါကိုသဘောမကျဘူး။ လူတစ်ယောက်ရဲ့လျော်ကြေးကို ဘယ်လိုမေးခွန်းထုတ်ကြလည်း ကျွန်တော်အဲ့တာမေးချင်တယ်။ မသိနားမလည်ရင် နားမည်သလိုမျိုး ဒီလျှော်ကြေးနဲ့ ကျေနပ် ရမှာလားလို့မေးစရာရှိတာပေါ့။ သူတို့လောက်မှ နားမလည်တဲ့သူဆိုရင်လည်း ဒါ ၂ သိန်း ၃ သိန်းလောက်နဲ့ ပြီးသွားရမယ့်ကိစ္စပေါ့ဗျာ"  ဟု ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း လူထု ဆက်ဆံရေးနှင့် လူ့အခွင့်အရေးဌာန တာဝန်ခံ ကိုဂျင်မီက ပြောသည်။

 မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်၏ ဝင်ရောက်ညှိနှိုင်းပေးမှုဖြင့် စက်တင်ဘာ ၁၅ ရက်နေ့တွင် လက်ချောင်း ဆယ် ချောင်းလုံး ကျိုးသွားသူ မစန်းကေခိုင်အတွက် လပေါင်းများစွာ မပေးရသေးသည့် လုပ်အားခများအပါအဝင် နစ်နာကြေး သိန်း ၄ဝ၊ ကတ်ကြေးဒဏ်ရာ၊ ဓားဒဏ်ရာများ ရရှိခဲ့သည့် မသဇင်အတွက် မပေးရသေးသည့် လုပ်အားခများအပါအဝင် နစ်နာကြေး ၁ဝ သိန်း ပေးအပ်သည်ကို လက်ခံရရှိကြောင်း နှစ်ဘက် လက်မှတ်ထိုး ညှိနှိုင်းခဲ့ခြင်း ဖြစ်သည်။

 ယခု လုပ်ရပ်သည် အစိုးရ၏ မူဝါဒအရ လူ့အခွင့်အရေးကို ကာကွယ်တိုးမြင့်ရန် အချိန်ယူနေပြီး နိုင်ငံတကာကလည်း မြန်မာနိုင်ငံ၏ ပြုြုပင်ပြောင်းလည်းရေးလုပ်ငန်းများအတွက် အကောင်းမြင် ပူးပေါင်းဆောင်ရွက်နေသည့် အချိန်ဖြစ်  သောကြောင့်  ကော်မရှင်၏ ဆောင်ရွက်ချက်သည် နိုင်ငံရဲ့ပုံရိပ်ကို ထိခိုက်စေသည်ဟု ထုတ်ပြန် ချက်တွင်ပါရှိသည်။

နိုင်ငံတော်အနေဖြင့်လည်း အဆိုပါ ကိစ္စများကို ကိုင်တွယ်သည့်နေရာတွင် အရေးကြီးသည့်အတွက် အလေးထားဆောင် ရွက်သင့်သည်ဟု ကိုဂျင်မီကတိုက်တွန်း လိုက်သည်။

ဆယ်ကျော်သက် အိမ်အကူ မိန်းကလေး ငယ်နှစ်ဦးအား ကိုယ်လက်အင်္ဂါ ချို့ယွင်းစေသည်အထိ နှိပ်စက်မှု ပြုလုပ်ခဲ့ သောကြောင့် လူကုန် ကူးမှု တားဆီးကာကွယ်ရေး ရဲ တပ်ဖွဲ့မှ ဒုရဲမှူးမျိုးသိန်းက တရားလိုပြုလုပ်ကာ ကျူးလွန် သူ များအား စက်တင်ဘာ ၂၀ ရက်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄/၃၂ ဖြင့် အမှု ဖွင့်ခဲ့သည်။

စက်တင်ဘာ ၂၁ ရက်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနကပါ တရားလို ပြုလုပ်၍ ကလေးသူငယ်ပုဒ်မ ၆၆(ဃ) ထပ်မံအမှုဖွင်ခဲ့ခြင်း ဖြစ်သည်။

စက်တင်ဘာ ၂၁ရက်နေ့တွင် မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်မှ သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပြီး ၂၂ ရက်နေ့မ နက် ပိုင်း တွင် ကော်မရှင်မှ လူအချို့ကို ထိရောက်စွာအရေးယူရန်    ဒေါပုံမြို့နယ် ပြည်သူ့လွှတ်တော်အမတ်ဖြစ်သူ ဦး ဌေး ဝင်း အောင်(ခ) ဦးပြုံးချိုမှ အရေးကြီး အ ဆိုတင်သွင်းခဲ့ပြီး လွှတ်တော် ဥက္ကဌမှ ဆက်လက်ဆွေးနွေးရန် လက်ခံခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly