ဘရက်ဒ်ပစ်နဲ့ တွဲနေသည်ဆိုသော သတင်းမှာမဟုတ်ကြောင်း မာရီယွန်ကော့တီလတ်ဒ် ပြောကြား

ဘရက်ဒ်ပစ်နဲ့ တွဲနေသည်ဆိုသော သတင်းမှာမဟုတ်ကြောင်း မာရီယွန်ကော့တီလတ်ဒ် ပြောကြား

လော့စ်အိန်ဂျလိစ် ၊ စက်တင်ဘာ ၂၂ ။          ။ ပြင်သစ် သရုပ်ဆောင်မင်းသမီး မာရီယွန်ကော့တီလတ်ဒ်က  ဘရက်ဒ်ပစ်နှင့် တွဲနေသည်ဟူသော ကောလဟာလသတင်းများမှာ မဟုတ်မှန်ကြောင်း ၎င်း၏ အင်စတာဂရမ်တွင် ရေးသားပြောကြားခဲ့သည်။

မာရီယွန်ကော့တီလတ်ဒ်က အိန်ဂျလီနာဂျိုလီသည် ဘရက်ဒ်ပစ်နှင့်ကွာရှင်းပေးရန် တရားရုံးတွင်လျှောက်ထားမှုသည် ၎င်းနှင့်ပတ်သက်ခြင်းမရှိသည့်အပြင် ဘရက်ပစ်ဒ် နှင့် တွဲနေသည်ဟူသော သတင်းမှာလည်း မဟုတ်မှန်ကြောင်း စက်တင်ဘာ ၂၁ရက်ညနှောင်းပိုင်းက အင်စတာဂရမ်မှတစ်ဆင့် ပရိသတ်များကိုပြောကြားခဲ့သည်။

“ ကျွန်မ ဒီကိစ္စနဲ့ပတ်သက်လို့ မှတ်ချက်ပြုပြောကြားတာတွေ မလုပ်ချင်ဘူ။ ဒါပေမဲ့ လက်ရှိအခြေအနေဟာဆိုရင် ကျွန်မချစ်တဲ့သူတွေအပေါ် ထိခိုက်မှုတွေရှိနေတယ်။ ဒါကြောင့် ကျွန်မအခုလို ပြောရတာဖြစ်ပါတယ်”ဟု မာရီယွန်က ရေးသားထားသည်။

အသက် ၄၀နှစ်အရွယ်ရှိ မာရီယွန်က ခင်ပွန်းဖြစ်သူ ဂီယွန်ကနက် နှင့် ဒုတိယမြောက် ရင်သွေးလေး မျှော်မှန်းထားကြောင်း ပြောကြားခဲ့သည်။ လက်ရှိအချိန်တွင် မာရီယွန် နှင့် ကနက်တွင် အသက်ငါးနှစ်အရွယ် သားတစ်ဦးရှိသည်။

“ ပထမဆုံးအနေနဲ့ ကျွန်မပြောချင်တာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ကျွန်မသားလေးရဲ့ ဖခင် ကျွန်မဘဝရဲ့ လက်တွဲဖော်အမျိုးသားနဲ့ ဆုံတွေ့ခဲ့တယ်။ ကျွန်မတို့တွေဟာ သားသမီးတွေရရဖို့ မျှော်မှန်းထားတယ်။ ကနက်ဟာ ကျွန်မချစ်ရတဲ့သူ။ ကျွန်မရဲ့အကောင်းဆုံးသူငယ်ချင်း ။ ကျွန်မလိုအပ်တဲ့တစ်ဦးတည်းသောသူပါ။ ဒုတိယအနေနဲ့ ကျွန်မပြောချင်တာကတော့ ကျွန်မကို ထိခိုက်အောင်လုပ်တဲ့သူတွေကို ကျေးဇူးတင်ပါတယ်”ဟု မာရီယွန်ကပြောကြားခဲ့သည်။

“ နောက်ဆုံးအနေနဲ့ကတော့ ဂျိုလီ နဲ့ ဘရက်ဒ်ပစ်တို့နှစ်ဦး ဒီလိုရှုပ်ထွေးတဲ့အခြေနေမှာ သာယာအေးချမ်းမှုကို ရှာတွေ့ပါစေလို့ ကျွန်မ ဆန္ဒပြုပါတယ်”ဟု မာရီယွန်ကပြောကြားသည်။

မကြာမီထုတ်လွှင့်ပြသမည့် “ Allied” ရုပ်ရှင်ကားတွင် မာရီယွန်သည် ဘရက်ဒ်ပစ်နှင့်အတူ သရုပ်ဆောင်လျက်ရှိသည်။ မာရီယွန် နှင့် ဘရစ်ဒ်ပစ်တို့ နှစ်ဦးတွဲနေခြင်းကြောင့် အိန်ဂျလီနာဂျိုလီက ကွာရှင်းခွင့်တောင်ခံခဲ့ခြင်းဖြစ်ကြောင်း  ယခုသီတင်းပတ်က သတင်းများထွက်ပေါ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly