ဘရက်ဒ်ပစ်နဲ့ ကွာရှင်းဖို့တရားရုံးမှာ လျှောက်ထားခဲ့တဲ့ ဂျိုလီ

ဘရက်ဒ်ပစ်နဲ့ ကွာရှင်းဖို့တရားရုံးမှာ လျှောက်ထားခဲ့တဲ့ ဂျိုလီ

နယူးယော့ခ် ၊ စက်တင်ဘာ ၂၁ ။          ။ ဟောလိဝုဒ်အကျော်အမော် အိန်ဂျလီနာဂျိုလီသည်  ၁၂နှစ်ကြာ ပေါင်းသင်းလာသည့် ခင်ပွန်းဖြစ်သူ ဘရက်ဒ်ပစ်နှင့် ကွားရှင်းရန်  စက်တင်ဘာ ၁၉ရက်က တရားရုံးတွင် လျှောက်ထားခဲ့ကြောင်း နှင့် ကလေးခြောက်ယောက် စောင့်ရှောက်ခွင့်ကိုလည်း တောင်းဆိုထားကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အသက် ၄၁ နှစ်အရွယ်ရှိ  အိန်ဂျလီနာဂျိုလီဘက်မှ ကွာရှင်းရန် စတင်တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း နှင့် လျှောက်ထားချက်တွင် ညှိနှိုင်း၍ မရသောကိစ္စများကြောင့်  ကွာရှင်းရန် လျှောက်ထားခြင်းဖြစ်ကြောင်း ပြောကြားထားသည်ဟု  TMZ သတင်းဌာနက ပြောကြားသည်။သို့ရာတွင် ဂျိုလီသည် ခင်ပွန်းဖြစ်သူဘက်မှ အထောက်ပံ့ပေးရန် တောင်းဆိုခဲ့ခြင်းမရှိပေ။

ဂျိုလီသည်  ကလေးတွေအပေါ် ဘရက်ပစ်ဒ်၏ အုပ်ထိန်းမှုပုံစံကြောင့် အကြီးအကျယ် စိတ်ထိခိုက်ခဲ့ရခြင်းကြောင့် ကွာရှင်းခွင့်တောင်းထားခြင်းဖြစ်ကြောင်း ၎င်းတို့စုံတွဲနှင့် ရင်းနှီးသော သတင်းအရင်းမြစ်တစ်ခုက ပြောကြားသည်။

ဘရက်ဒ်ပစ်သည်  “Five Seconds of Silence”  ဇာတ်ကားရိုက်ကူးစဉ် မင်းသမီးမာရီယွန်ကော့တီလတ်ဒ်နှင့် ဇာတ်လမ်းဖြစ်ခဲ့ခြင်းကြောင့် ဂျိုလီက ကွာရှင်းခွင့်တောင်ခံခဲ့ခြင်းဖြစ်ကြောင်း အခြားသတင်းအရင်းမြစ်တစ်ခုက ဖော်ပြထားသည်။

ဂျိုလီနှင့် ဘရက်ပစ်ဒ်တို့သည်  “Mr & Mrs Smith” ဇာတ်ကားတွင် အတူသရုပ်ဆောင်ရင်း ချစ်သူတွေဖြစ်ခဲ့ကြပြီး ၂၀၁၄ သြဂုတ်လက လက်ထပ်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly