ဘရတ်ပစ်နဲ့ တရားဝင်ကွာရှင်းပေးဖို့ တောင်းဆိုလိုက်တဲ့ ဂျိုလီ

ဘရတ်ပစ်နဲ့ တရားဝင်ကွာရှင်းပေးဖို့ တောင်းဆိုလိုက်တဲ့ ဂျိုလီ
(ဓာတ်ပုံ - အီးပီအေ)

အမေရိကန် သရုပ်ဆောင်မင်းသမီး အိန်ဂျလီနာဂျိုလီက သူမရဲ့ ခင်ပွန်းဖြစ်သူ မင်းသား ဘရက်ပစ်နဲပ တရားဝင် ကွာရှင်းပြတ်စဲဖို့ ရုံးတော်မှာ စတင်တောင်းဆိုလိုက်ကြောင်း TMZ ဝက်ဘ်ဆိုက ဖော်ပြထားပါတယ်။

ရုံးတော်မှာ ဘရတ်ပစ်နဲ့ ကွာရှင်းခွင့်လျှောက်လွှာအပြင် ကလေးခြောက်ဦးကို အုပ်ထိန်းခွင့်ရရှိရေးပါ တစ်ပါတည်း လျှောက်ထားလိုက်တာဖြစ်ပါတယ်လို့ သူမရဲ့ ရှေ့နေက အတည်ပြုပြောဆိုပါတယ်။

ထိုစုံတွဲနှင့် နီးစပ်တဲ့ သတင်းရင်းမြစ်က ဂျိုလီဟာ ဘရတ်ပစ်ရဲ့ အမျက်ဒေါသ ပြဿနာ၊ ပစ္စည်းဥစ္စာတွေကို အကြမ်းဖက်လုပ်ဆောင်တွေနဲ့ ကလေးတွေအပေါ် အုပ်ထိန်းမှုပုံစံကြောင့် အကြီးအကျယ် မပျော်ရွှင်ဖြစ်နေတယ်လို့ ဆိုပါတယ်။

ဘရတ်ပစ်နဲ့ဂျိုလီဟာ ၂၀၀၄ ခုနှစ်မှာ စတင် ရင်းနှီးဆက်ဆံခဲ့ပြီး  ၂၀၁၄ ခုနှစ် သြဂုတ်လမှာ ပြင်သစ်တောင်ပိုင်း chateau မှာလက်ထပ်ခဲ့ကြပါတယ်။

အန်ဂျလီနာဂျိုလီနဲ့ ဘရက်ပစ်တို့ရဲ့ ၁၂ နှစ်ကြာ ပေါင်းသင်းလာတဲ့ သူတို့ရဲ့ အချစ်ဇာတ်လမ်းဟာ 'Brangelina' လု့ိ လူသိများပြီး ဟောလိဝုဒ်ရဲ့ အိမ်မက်စုံတွဲဖြစ်ခဲ့ပါတယ်။

Ref; EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly