Emmy Awards ဆုပေးပွဲတွင် “Game of Thrones” နှင့် “Veep” ဇာတ်ကားတို့ ထိပ်တန်းဆု ထပ်မံရရှိ

Emmy Awards ဆုပေးပွဲတွင် “Game of Thrones” နှင့် “Veep” ဇာတ်ကားတို့ ထိပ်တန်းဆု ထပ်မံရရှိ
(ဓာတ်ပုံ - အီးပီအေ)

စိတ်ကူးယဉ် ဒရမ်မာဇာတ်လမ်းတွဲ “Game of Thrones”  ဇာတ်ကား နှင့် “Veep” ဇာတ်ကား တို့သည် လော့စ်အိန်ဂျလိစ်မြို့၌ စက်တင်ဘာ၁၈ရက်က ကျင်းပပြုလုပ်သော Emmy Awards ဆုပေး ပွဲတွင် အကောင်းဆုံးဒရမ်မာဆုကို နှစ်နှစ်ဆက်တိုက် ရရှိခဲ့သည်။

အီဂျစ်- အမေရိကန်နွယ်ဖွား မင်းသား ရာမီလက်ခ်သည်  “Mr.Robot” ဇာတ်ကားတွင် ဟက်ကာတစ်ဦးအဖြစ် သရုပ်ဆောင်မှုဖြင့် အကောင်းဆုံးဒရမ်မာ မင်းသားဆုကို ပထမဆုံးအကြိမ် ဆွတ်ခူးခဲ့ပြီး ကနေဒါ မင်းသမီး တာတီအာနာလက်စ်လာနေးသည် “ Orphan Black” ဇာတ်ကားဖြင့် အကောင်းဆုံးဒရမ်မာ မင်းသမီးဆုကို ဆွတ်ခူးခဲ့သည်။

ဗြိတိန် မင်းသမီး မက်ဂီစမစ်သည် “Donwnton Abbey” ဇာတ်ကားဖြင့် အကောင်းဆုံး ဇာတ်ပို့ မင်းသမီးဆုကို ရရှိခဲ့ပြီး ဘန်မန်ဒဲလ်ဆိုသည် ဖလော်ရီဒါ သည်းထိတ်ရင်ဖိုဇာတ်ကား “Bloodline” ဖြင့် အကောင်းဆုံးဇာတ်ပို့ မင်းသားဆုကို ရရှိခဲ့သည်။

“Game of Thrones” ဇာတ်ကားသည်  လျာထားခံရသော ဆုပေါင်း ၂၃ ဆုအနက် အကောင်းဆုံး ဒါရိုက်တာဆုနှင့် အကောင်းဆုံး ဇာတ်ညွှန်းဆုအပါအဝင် Emmyဆု ၁၂ ဆုကို ရရှိထားပြီး “Game of Thrones” ဇာတ်ကားသည် ယခုအခါ Emmy ဆုပေါင်း ၃၈ခု ရရှိနေပြီဖြစ်ပြီး Emmyဆု ၃၇ ဆုရ စံချိန်တင်ထားသော “Frasier”  ဇာတ်ကားစံချိန်ကို ကျော်လွန်ခဲ့သည်။

မင်းသားဂျက်ဖရီတမ်ဘာသည် “Transparent” ဇာတ်ကားတွင် မိန်းမဘ၀ ပြောင်းထားသော ဖခင်တစ်ယောက်အဖြစ် သရုပ်ဆောင်မှုဖြင့်  ဒုတိယအကြိမ်မြောက် အကောင်းဆုံးဟာသ သရုပ် ဆောင်မင်းသားဆုကို ရရှိခဲ့သည်။

“Saturday Night Live” ဟာသသရုပ်ဆောင်မင်းသား ကိတ်မက်ဟ်ကန်နွန်သည် အမေရိကန် သမ္မတလောင်း ဟင်လာရီကလင်တန်အဖြစ် သရုပ်ဆောင်မှုဖြင့် အကောင်းဆုံး ဟာသဇာတ်ပို့ မင်းသမီးဆုကို ရရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly