“ X Factor” နှင့် “ BGT” ပြိုင်ပွဲဆက်လက် လုပ်ဆောင်ရန် ဆိုင်မွန်ကိုဝဲလ် သုံးနှစ်စာချုပ် ထပ်မံချုပ်ဆို

“ X Factor” နှင့် “ BGT” ပြိုင်ပွဲဆက်လက် လုပ်ဆောင်ရန် ဆိုင်မွန်ကိုဝဲလ် သုံးနှစ်စာချုပ် ထပ်မံချုပ်ဆို

လော့စ်အိန်ဂျလိစ် ၊ စက်တင်ဘာ ၁၇ ။                   ။ “  X Factor” နှင့် “ Britain’s Got Talent ” အစီစဉ်တို့ကို စီစဉ်ဖန်တီးသူ ဆိုင်မွန်ကိုဝဲလ်သည်  ITVတွင် အဆိုပါ talent အစီအစဉ် နှစ်ခုလုံးကို ဆက်လက်ထုတ်လွှင့်ပြသရန် သုံးနှစ်စာချုပ် ထပ်မံချုပ်ဆိုခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါ အစီစဉ်များသည် ဗြိတိန်၏ အကြီးဆုံး ရုပ်မြင်သံကြား အစီစဉ်များဖြစ်ပြီး ၂၀၁၉ ခုနှစ်အထိ  ITV ရုပ်သံက ဆက်လက်ထုတ်လွှင့် ပြသသွားမည်ဖြစ်သည်။

“ အလွန်ကောင်းတဲ့ မိတ်ဖက်အဖြစ် ဆက်လက်ရှိနေပေးတဲ့အတွက်  ITVကို ကျွန်တော် ကျေးဇူးတင်ပါတယ်။ ကျွန်တော် ဒီအစီစဉ်တွေအတွက် အရမ်းဝမ်းသာပါတယ်။အထူးသဖြင့် ကျွန်တော်တို့နဲ့အတူ အလုပ်လုပ်နေတဲ့ အရည်သွေးရှိတဲ့ သူတွေအားလုံးအတွက် ဝမ်းသာမိပါတယ်”ဟု ကိုဝဲလ်က ပြောကြားခဲ့သည်။

“X Factor” ပြိုင်ပွဲကို ၂၀၀၄ ခုနှစ်က  ITVတွင် စတင်ထုတ်လွှင့်ခဲ့ပြီး လက်ရှိအချိန်တွင် အပိုင်း၁၃ပိုင်းရှိပြီဖြစ်သည်။” Britain’s Got Talent” နှင့် “X Factor” အစီစဉ်တို့သည် ထူးခြားပြောင်မြောက်သော အစီစဉ်များဖြစ်ကြပြီး ကျွန်တော်တို့  ရုပ်သံတွင် နောက်ထပ်သုံးနှစ် ဆက်လက်ထုတ်လွှင့်သွားမည်ဖြစ်သည့်အတွက် ဝမ်းသာပျော်ရွှင်မိကြောင်း ITV ရုပ်မြင်သံကြား ဒါရိုက်တာ ကီဗင်လာဂိုက   ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly