အမေရိကန် ပြဇာတ်ရေးဆရာ အက်ဒ်ဝပ်အယ်လ်ဘီ အသက်၈၈နှစ် အရွယ်တွင် ကွယ်လွန်

အမေရိကန် ပြဇာတ်ရေးဆရာ အက်ဒ်ဝပ်အယ်လ်ဘီ အသက်၈၈နှစ် အရွယ်တွင် ကွယ်လွန်

နယူးယော့ခ် ၊ စက်တင်ဘာ ၁၇ ။                 ။ အမေရိကန် ပြဇာတ်ရေးဆရာ အက်ဒ်ဝပ်အယ်လ်ဘီသည် နယူးယော့ခ်မြို့အနီးရှိ  Long Island ကျွန်းရှိ နေအိမ်တွင် စက်တင်ဘာ ၁၆ ရက်က ကွယ်လွန်ခဲ့ကြောင်း အယ်လ်ဘီ၏ လက်ထောက်က ပြောကြားခဲ့သော်လည်း သေဆုံးရသည့် အကြောင်းရင်းကို ပြောကြားခြင်းမရှိပေ။

ကွယ်လွန်ချိန်တွင် အယ်လ်ဘီ၏ အသက်သည် ၈၈နှစ်ရှိပြီဖြစ်သည်။ Pulitzer ဆု သုံးကြိမ် ဆွတ်ခူးထားသော အက်ဒ်ဝပ်အယ်လ်ဘီသည် ၂၀၀၅ ခုနှစ်က အာသာမီလာ နှင့် သြဂုတ်ဝဲဆန်တို့ ကွယ်လွန်ပြီးနောက် အမေရိကန်၏ အအောင်မြင်ဆုံး ပြဇာတ်ရေးဆရာဖြစ်ခဲ့သည်။

အယ်လ်ဘီ၏ပြဇာတ်များသည် လက်ထပ်ခြင်း ၊ ယုံကြည်ကိုးကွယ်မှု ၊ ကလေးသူငယ် ပြုစုစောင့်ရှောက်မှု နှင့် အမေရိကန် ပြည်သူဘဝများ၏ အမှောင်ဘက်ခြမ်းကို ပုံဖော်ရေးဖွဲ့ထားသည်။ ပျက်စီးသွားသော အိမ်ထောင်ရေး အကြောင်းကို ရေးဖွဲ့ထားသော အယ်လ်ဘီ၏ လူသိများသည့် “ Who’s Afraid of Virginia Woolf?” ပြဇာတ်သည် ၁၉၆၃ ခုနှစ် Pulitzer Prize ဆုအတွက်   ငြင်းပယ်ခံခဲ့ရသည်။

“ Who’s Afraid of Virginia Woolf?” ပြဇာတ်သည် အကောင်းဆုံး ပြဇာတ်ဆု Tony Award ဆုကို ရရှိခဲ့ပြီးနောက်  ရုပ်ရှင်ကားအဖြစ် ပြင်ဆင် ရိုက်ကူးခဲ့ကြောင်း နှင့် ယင်းရုပ်ရှင်ကားတွင် ရစ်ချက်ဒ်ဘာတန် နှင့် အဲလီဇဘက်တေလာတို့ ပါဝင်သရုပ်ဆောင်ထားသည်။

အယ်လ်ဘီသည် အသက် ၇၀အရွယ်အထိ ပြဇာတ်များ ဆက်လက် ရေးသားခဲ့ကြောင်း နှင့် ၂၀၀၈ ခုနှစ်က ချွတ်စွပ်တူသော အမြွှာများအကြောင်း ရေးသားထားသော ပြဇာတ် “ Me, Myself and I” ကို ရေးသားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly