Grime ကြယ်ပွင့် စကပ်တာ Mercury Prize တေးဂီတဆုရရှိ

Grime ကြယ်ပွင့် စကပ်တာ Mercury Prize တေးဂီတဆုရရှိ

နယူးယော့ခ် ၊ စက်တင်ဘာ ၁၆ ။                 ။ Grime ကြယ်ပွင့် စကပ်တာသည် ဒေးဗစ် ဘိုဝီ ၊  Radiohead  နှင့်  The 1975 တို့ကို ကျော်လွန်ကာ  Mercury Prize ဆုကို ရရှိခဲ့သည်။

စကပ်တာသည်  “ Konnichiwa” တေးအယ်လ်ဘမ်ဖြင့် စတာလင်ပေါင် ၂၅၀၀၀တန်ကြေးရှိ ဆုကို ရရှိခဲ့ကြောင်း နှင့် ယင်း တေးအယ်လ်ဘမ်တွင် ဗြိတိန်နိုင်ငံရေးအပေါ် ၎င်း၏မကျေနပ်မှုနှင့် ရဲတပ်ဖွဲ့နှောင့်ယှက် တိုက်ခိုက်မှုတို့ အပါအဝင် အခြား အကြောင်းအရာများလည်း ပါဝင်သည်။

“ Konnichiwa” တေးအယ်လ်ဘမ်သည်  ယခုနှစ်အစောပိုင်းက နံပါတ် ၂ နေရာတွင် ရပ်တည်ခဲ့သည်။” ကျွန်တော် ဒီဆုကိုရတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော် တေးဂီတဝန်ထမ်းတွေနဲ့ ကြိုးစားလုပ်ဆောင်တယ်။ဒီတေးအယ်လ်ဘမ် ထွက်ရှိဖို့  အချိန်အကြာကြီးယူခဲ့ရတယ်”ဟု စကပ်တာက ပြောကြားသည်။

မိုက်ကယ်ကီဝါနုကာ၏ “ Love & Hate” ၊  ဗြိတိန်အဆိုတော်  Bat for Lashes၏ “ The Bride” တေးအယ်လ်ဘမ်တို့သည်လည်း  ၂၀၁၆ Mercury Prize ဆု ဆန်ခါတင်စာရင်းတွင်  ပါဝင်ခဲ့သည်။ Radiohead ရော့ခ်တေးဂီတအဖွဲ့သည် ၎င်းတို့၏ တေးဂီတအယ်လ်ဘမ် “ A Moon Shpaed Pool ” ဖြင့် ဆန်ခါတင် စာရင်းတွင် ငါးကြိမ်မြောက်  ပါဝင်ခဲ့သော်လည်း ဆုရရှိခဲ့ခြင်းမရှိပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags