ကုန်သည် စက်မှူအသင်းချုပ်၏ စည်းမျဉ်းနှင့်အညီ ကိုယ်စားလှယ်များ ရွေးချယ်မည်

ကုန်သည် စက်မှူအသင်းချုပ်၏ စည်းမျဉ်းနှင့်အညီ ကိုယ်စားလှယ်များ ရွေးချယ်မည်

မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် အနေဖြင့် အလုပ်အမှုဆောင်အဖွဲ့နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ရွေးချယ်ရာတွင် အသင်း၏ သင်းဖွဲ့စည်းမျဉ်းနှင့်သာ   ရွေးချယ်သွားမည်ဖြစ်ကြောင်း  ကုန်သည်စက်မှူ အသင်းချုပ်က အထွေထွေ အတွင်းရေးမှူးချုပ် ဦးမိုးမြင့်ကျော်က ပြောသည်။

စက်တင်ဘာ ၁၅ ရက်နေ့က ကုန်သည်စက်မှူအသင်းချုပ်တွင် ပြုလုပ်သည့် အလုပ်အမှူဆောင်နှင့် ဗဟိုအလုပ်အမှူဆောင်အဖွဲ့ ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

"ကျွန်တော်တို့ဘက်ကတော့ အသင်းသားစုံညီ ဆုံးဖြတ်ထားတဲ့ ကျွန်တော်တို့စည်းမျဉ်းစည်းကမ်းမှာ ပါထားတဲ့အတိုင်းပဲ တည့်တည့်မတ်မတ် လုပ်သွားဖို့ ကျွန်တော်တို့ သဘောတူညီထားပြီးပါပြီ" ဟု ဦးမိုးမြင့်ကျော်က ပြောသည်။

ကုန်သည်စက်မှုအသင်းချုပ် ရွေးချယ်တင်မြှောက်ပွဲကို စက်တင်ဘာ ၁၇ ရက်နေ့တွင် ပြုလုပ်သွားမှာဖြစ်ပြီး  ဆန္ဒမဲပေးမည့် အသင်းသားပေါင်း ၁၂၄၆ ဦး ရှိပြီး အလုပ်အမှူဆောင်အဖြစ် ဝင်ရောက်အရွေးချယ်ခံမည့် အသင်းသားဦးရေမှာ ၁၉၅ ဦး ရှိကြောင်း ထုတ်ပြန်ထားသည်။ ယင်းတို့အထဲကမှ ကိုယ်စားလှယ်  ၇၂ ဦးကို မဲပေးရွေးချယ်သွားမည် ဖြစ်ကြောင်း သိရသည်။

ကုန်သည်စက်မှူအသင်းချုပ်၏ ညီနောင်အသင်းများက ကိုယ်စားလှယ်တစ်ဦးစီကို အလုပ်အမှူဆောင်အဖြစ် ရွေးချယ်သွားမှာဖြစ်ကာ ညီနောင်အသင်းများက တိုက်ရိုက် တင်မြှောက်သည့် ကိုယ်စားလှယ် ၇၂ ဦး ၊ ရွေးချယ်ခံ အသင်းသား ကိုယ်စားလှယ် ၇၂ ဦး ဖြင့် အလုပ်အမှုဆောင် အဖွဲ့သစ်တွင် အဖွဲ့ဝင် ၁၄၄ ဦး ပါဝင်မည်ဖြစ်ကြောင်း ကုန်သည်စက်မှူအသင်းချုပ်က ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly