Mercury Prize ဆုရရှိဖို့ တစ် ပြေးနေတဲ့ ဒေးဗစ်ဘိုဝီ

Mercury Prize ဆုရရှိဖို့ တစ် ပြေးနေတဲ့ ဒေးဗစ်ဘိုဝီ

နယူးယော့ခ် ၊ စက်တင်ဘာ ၁၅ ။               ။ ကွယ်လွန်သွားပြီ ဖြစ်သော ဗြိတိန်အဆိုတော်ကြီး ဒေးဗစ်ဘိုဝီသည် ယခုနှစ်၏ Mercury Prize ဆုကို ရရှိရန် တစ် ပြေးလျက်ရှိကြောင်း သတင်းတစ်ရပ်တွင်   ဖော်ပြထားသည်။

ဘိုဝီ၏ “ Blackstar” တေးအယ်လ်ဘမ်သည် အနိုင်ရ ဆုရှင်ဖြစ်ခဲ့ပါက  ဘိုဝီသည် စတာလင်ပေါင် ၂၅၀၀၀ တန်ကြေးရှိသော  Mercury Prize ဆုကို သေဆုံးပြီးမှ ရရှိသည့် ပထမဆုံးပုဂ္ဂိုလ်   ဖြစ်လာမည် ဖြစ်သည်။ ဆုဆန်ခါတင် စာရင်းတွင် လော်ရာအမ်ဗူလာ ၊ ရော့ခ်တေးဂီတအဖွဲ့   The 1975 ၊ ကာနို နှင့် အဆိုတော်  Bat For Lashesတို့ ပါဝင်သည်။

ရော့ခ်တေးဂီတအဖွဲ့ Radiohead အဖွဲ့သည်လည်း ၎င်းတို့၏တေးအယ်လ်ဘမ်  “ A Moon Shpaed Pool” ဖြင့် ဆန်ခါတင် စာရင်းတွင် ပါဝင်နေကြောင်း နှင့် Radiohead အဖွဲ့သည် ယခင်ဆုပေးပွဲ   လေးခုတွင် ဆန်ခါတင် စာရင်းတွင် ပါဝင်ခဲ့သော်လည်း ယခုအချိန်ထိ ဆုရရှိခဲ့ခြင်းမရှိပေ။

မင်းသား မိုက်ကယ်ဆီဟောလ်က လန်ဒန်မြို့ဟမ်မာစမစ်ရှိ  Eventim Apollo၌  စက်တင်ဘာ ၁၅ရက်တွင် ကျင်းပပြုလုပ်မည့် Mercury Prize ဆုပေးပွဲတွင် ဒေးဗစ်ဘိုဝီကို  ချီးကျူးဂုဏ်ပြုသည့် အနေဖြင့်   တေးသီချင်းဖြင့် ဖျော်ဖြေသွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly