ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ် ဖြန့်ချိသွားမယ့် ဇေယန်မားလစ်ခ်

ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ် ဖြန့်ချိသွားမယ့် ဇေယန်မားလစ်ခ်

နယူးယော့ခ် ၊ စက်တင်ဘာ ၁၅ ။                  ။ One Direction အဖွဲ့ဝင်ဟောင်း ဇေယန်မားလစ်ခ်သည် ၎င်း၏ပထမဆုံး ကိုယ်တိုင်ရေး အတ္ထူပတ္တိစာအုပ်ကို နိုဝင်ဘာ ၁ရက်တွင် ထုတ်ဝေသွားမည်   ဖြစ်ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

“Zayn” ဟုနာမည်ပေးထားသော ကိုယ်တိုင်ရေး အတ္တုပ္ပတ္တိစာအုပ်တွင် အင်္ဂလန်၌ ဖြတ်သန်းခဲ့ရသော ငယ်ဘဝမှစ၍   X Factor ပြိုင်ပွဲဝင် တစ်ဦးအဖြစ် လူအများ အသိမှတ်ပြုခံရသော အခြေအနေ ၊ One Direction အဖွဲ့ဝင် ဖြစ်လာခြင်းအကြောင်း အရာများကို ဖော်ပြသွားမည် ဖြစ်သည့်အပြင် အတွေးအခေါ်များ နှင့် ဓာတ်ပုံများလည်း ထည့်သွင်း ဖော်ပြမည်ဖြစ်သည်။

ဇေယန်သည် ၂၀၁၀ ခုနှစ် အသက် ၁၇နှစ်အရွယ်က  X Factor ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး နောက်ဆုံးတွင် ဟယ်ရီစတိုင်လ် ၊ နီအဲလ်ဟိုရန် ၊  Liam Payne နှင့် လူးဝစ်တွမ်လင်ဆန်တို့ နှင့်အတူ  One Directoin အဖွဲ့ကို ဖွဲ့စည်းခဲ့သည်။

ဇေယန်လားလစ်ခ်သည် ၂၀၁၅ ခုနှစ်က  One Direction အဖွဲ့က ထွက်ခွာခဲ့ပြီး ၂၀၁၆ ခုနှစ် မတ်လ ၂၅ရက်က ပထမဆုံး တစ်ကိုယ်တော် စတူဒီယို တေးအယ်လ်ဘမ်  “Mind of Mine” ကို ဖြန့်ချိခဲ့သည်။   ဇေယန်သည် လက်ရှိ အချိန်တွင် မော်ဒယ် ဂီဂီဟားဒစ်နှင့် တွဲခုတ်လျက်ရှိသည်။

“ Zayn” ကိုယ်တိုင်ရေး အတ္တုပ္ပတ္တိစာအုပ်ကို Penguin Random House ထုတ်ဝေရေး လုပ်ငန်းမှ တစ်ဆင့် နိုဝင်ဘာ ၁ရက်တွင် ထုတ်ဝေသွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags