ကြေးအမြင့်ဆုံး ရုပ်မြင်သံကြား မင်းသမီးအဖြစ် ထိပ်ဆုံးမှ ရပ်တည်နေတဲ့ ဆိုဖီယာဗာဂါရာ

ကြေးအမြင့်ဆုံး ရုပ်မြင်သံကြား မင်းသမီးအဖြစ် ထိပ်ဆုံးမှ ရပ်တည်နေတဲ့ ဆိုဖီယာဗာဂါရာ

နယူးယော့ခ် ၊ စက်တင်ဘာ ၁၅ ။              ။ Modern Family ကြယ်ပွင့် ဆိုဖီယာဗာဂါရာသည်  ကြေးအမြင့်ဆုံးရရှိသည့် အမေရိကန်ရုပ်မြင်သံကြား မင်းသမီးဆုကို ဆက်လက်ထိန်းသိမ်းထားကြောင်း မကြာသေးမီက ထွက်ရှိသော  Forbes မဂ္ဂဇင်းချမ်းသာသူများစာရင်းတွင် ဖော်ပြထားသည်။

ဗာဂါရာသည်  “ Morden Family” ဇာတ်ကားတွင် ဂလိုရီအာအဖြစ် သရုပ်ဆောင်မှု နှင့် အကျိုးအမြတ်များသော ကြော်ငြာများကြောင့် ပြီးခဲ့သည့် ၁၂ လအတွင်း အမေရိကန်ဒေါ်လာ ၄၃ သန်း ( စတာလင်ပေါင် ၃၂ဒသမ၆သန်း) ရရှိခဲ့သည်။

Big Bagn Theory ဇာတ်ကား မင်းသမီး ခေလီကွာကိုသည် အမေရိကန်ဒေါ်လာ ၂၄ဒသမ၅သန်း ( စတာလင်ပေါင် ၁၈ဒသမ၆သန်း)  ဝင်ငွေရရှိကာ ဒုတိယကြေးအမြင့်ဆုံးမင်းသမီးအဖြစ် ရပ်တည်နေသည်။ ကွာကို နှင့် ဗာဂါရာတို့သည်  ပြီးခဲ့သည့်နှစ်က ဝင်ငွေအမေရိကန် ၂၈ဒသမ၅သန်းဖြင့် Forbes မဂ္ဂဇင်းစာရင်းတွင်  ထိပ်တန်းနေရာမှ ပူးတွဲရပ်တည်ခဲ့သည်။

“ The Mindy Project” ဇာတ်ကား မင်းသမီး မင်ဒီကာလင်းသည်  ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၅သန်းဖြင့် နံပါတ် ၃နေရာရပ်တည်နေသည်။မင်ဒီကာလင်းသည် ပြီးခဲ့သည့်နှစ်က နံပါတ်၈နေရာတွင် ရပ်တည်ခဲ့ပြီး ယခုအခါ နံပါတ်၃နေရာသို့ ရောက်ရှိခဲ့သည်။

မာရစ်စကာဟာဂစ်တေးသည် အမေရိကန်ဒေါ်လာ ၁၄ဒသမ၅သန်းဖြင့် နံပါတ်လေးနေရာတွင် ရပ်တည်နေပြီး အဲလန်ပွမ်ပီအိုသည် အမေရိကန်ဒေါ်လာ ၁၄ဒသမ၅သန်းဖြင့် နံပါတ်ငါးနေရာတွင် ရပ်တည်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly