မင်းသမီး Amanda Seyfried နှင့် မင်းသား Thomas Sadoski တို့ စေ့စပ်ကြောင်းလမ်း

မင်းသမီး Amanda Seyfried နှင့် မင်းသား Thomas Sadoski တို့ စေ့စပ်ကြောင်းလမ်း

မင်းသမီး Amanda Seyfried သည် သူမ၏ ချစ်သူ မင်းသား Thomas Sadoski နှင့် စေ့စပ်ကြောင်းလမ်း လိုက်ပြီဖြစ်ကြောင်း ၎င်းတို့နှစ်ဦး၏ ကိုယ်စားလှယ်များက Us Weekly ကို အတည်ပြု ပြောကြားခဲ့သည်။

“Tommy နဲ့ Amanda တို့ဟာ မကြာသေးခင်က စေ့စပ်ကြောင်းလမ်းခဲ့ကြပြီး၊ အဲဒီ ပျော်ရွှင်စရာသတင်းကို မိသားစုဝင်တွေနဲ့ နီးစပ်ရာ မိတ်ဆွေတွေကို မျှဝေခဲ့ကြပါတယ်” ဟု ၎င်းတို့နှင့် နီးစပ်သူတစ်ဦးက Us Weekly ကို ပြောကြားခဲ့သည်။

မင်းသမီး Amanda Seyfried နှင့် မင်းသား Thomas တို့မှာ The Way We Get By ပြဇာတ်တွင် အတူ သရုပ်ဆောင်ခဲ့ကြစဉ် ၂၀၁၅ ခုနှစ်က စတင်တွေ့ခဲ့ကြခြင်း ဖြစ်သည်။ ထို့နောက်တွင် ယခုနှစ် အစောပိုင်း၌ The Last Word ဇာတ်ကားကို အတူရိုက်ကူးခဲ့ကြစဉ်တွင် ပြန်လည်ဆုံစည်းခဲ့ကြခြင်းဖြစ်ကာ ချစ်သူများ ဖြစ်လာခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly