ဆိုးလ် ၊ စက်တင်ဘာ ၁၂ ။ ။ တောင်ကိုရီးယားမင်းသမီး ဆူဇီသည် ဟောင်ကောင်ရှိ Madame Tussauds ဖယောင်းရုပ်တုပြတိုက်တွင် ၎င်း၏ ပုံတူ ဖယောင်းရုပ်တုကို ခင်းကျင်းပြသခံရသည့် ပထမဆုံးကိုရီးယားမင်းသမီးဖြစ်လာကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ဆူဇီသည် ၎င်း၏ပုံတူ ဖယောင်းရုပ်တုခင်းကျင်းပြသသည့်ပွဲသို့ တတ်ရောက်ရန် ကောင်ဟောင်သို့ စက်တင်ဘာ ၁၂ရက်တွင် လေယာဉ်ဖြင့်သွားရောက်မည်ဖြစ်သည်။ ပုံတူဖယောင်းရုပ်တု ခင်းကျင်းပြသသည့် အထိမ်းအမှတ်ပွဲကို စက်တင်ဘာ ၁၃ရက်တွင် ကျင်းပသွားမည်ဖြစ်သည်။
ဆူဇီ၏ ချစ်သူဖြစ်သူ မင်းသားလီမင်ဟိုသည်လည်း ဘေယောင်ဂျွန်း ၊ ကင်ဆိုဟွန်း ၊ လီဂျောင်ဆွတ်ခ် အပြင် ကေပေါ့ပ်အဆိုတော်အဖွဲ့ TVXQ နှင့် Super Junior အဖွဲ့ဝင် ချိုဆီဝမ် တို့အပါအဝင် ကိုရီးယားအမျိုသားကြယ်ပွင့်များနှင့်အတူ ဟောင်ကောင်ရှိ ဖယောင်းပြတိုက်တွင် ပုံတူဖယောင်းရုပ်တု ပြသထားသည်။
KBS ရုပ်သံအစီစဉ် “ Uncontrollably Fond” တွင် ဆူဇီသည် မင်းသားကင်ဝူဘင်နှင့်အတူ ပါဝင်သရုပ်ဆောင်ထားသည်။