စည်ပင်မှ လိုင်စင်ချပေးထားသည့် တည်းခိုခန်းအားလုံး၏ နာမည်ကို မြန်မာစာဖြင့်သာရေးရန် ညွှန်ကြားထား

စည်ပင်မှ လိုင်စင်ချပေးထားသည့် တည်းခိုခန်းအားလုံး၏ နာမည်ကို မြန်မာစာဖြင့်သာရေးရန် ညွှန်ကြားထား

ရန်ကုန်၊ စက်တင်ဘာ ၁၀ ။               ။ ကမ္ဘာလှည့်ခရီးသွားများ တည်းခိုခန်းတွင် တည်းခိုခွင့် မရှိသောကြောင့် တည်းခိုခန်းများကို မြန်မာအမည်ပြောင်းလဲ ရန် ညွှန်ကြားထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်တွင်း/ပြည်ပဆက်ဆံရေးနှင့် သတင်းပြန် ကြား ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးမြင့်ထွေးက မဇ္ဈိမကို ပြောသည်။

ကမ္ဘာလှည့် ခရီးသွားများအနေဖြင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ လိုင်စင်ချထားပေးသည့် လိုင်စင်ရ ဟို တယ်များတွင် တည်းခိုခွင့်ရှိပြီး လက်ရှိတွင် တည်းခိုခန်းများ၌ တည်းခိုမှုများ ရှိနေခြင်းကြောင့် ယခုကဲ့သို့ ညွန်ကြား ရ ခြင်းဖြစ်ကြောင်းလည်း သိရသည်။

 “ အဲဒီဟာကို နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသည်တွေ သိအောင်လုပ်တာ ပေါ့နော်။ စည်ပင်ကနေ လိုင်စင်ချပေး ထား တဲ့ တည်းခိုးခန်းမှာ သွားတည်းလိုက်လို့ရှိရင်သူတို့က ဥပဒေနဲ့ မညီညွတ်ဘူးပေါ့ဗျာ။ မညီညွတ်တော့ သူတို့ တရားစွဲ ခံ နိုင်ရတဲ့ ဟာပေါ့နော်။ အဲဒီလို မျိုးတွေကြုံတွေ့ရနိုင်တယ်ပေါ့။ အဲ့လိုမျိုးတွေမဖြစ်အောင်လုပ်တာ" ဟု ဦးမြင့်ထွေးက ပြောသည်။

မြန်မာတစ်နိုင်ငံလုံးရှိ စည်ပင်မှ လိုင်စင်ချပေးထားသည့် တည်းခိုခန်းများ၏ နာမည်ကို မြန်မာလိုသာ ဖော်ပြရမည်ဖြစ် ပြီး ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ လိုင်စင်ချပေးထားသည့် ဟိုတယ်များကို အင်္ဂလိပ်လို နာမည်ပေး ရန်သတ် မှတ်ထားကြောင်း  ၎င်းကဆိုသည်။

တိုင်းဒေသကြီးအတွင်း စည်ပင်သာယာ ခွင့်ပြုထားသည့် တည်းခိုးခန်းနာမည်များကို မြန်မာဘာ ဘသာတစ်မျိုး တည်း ဖြင့်ရေးသားကြရန် စက်တင်ဘာလ ၉ ရက်နေ့ ရက်စွဲ စာထုတ်ပြန် ထားကြောင်း စာထုတ်ပြန်ထားကြောင်း ဧရာဝတီ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်ကမဇ္ဈိမသို့ ပြောသည်။

"ဟိုတယ်ခရီးကခွင့်ပြုတဲ့ ဟိုတယ်၊တည်းခိုခန်း လိုင်စင်ရှိတဲ့ တည်းခိုးခန်းတွေ ဟိုတယ်တွေမှာ နိုင်ငံခြားသားတွေ တည်း ခွင့်ရှိတယ်။ စည်ပင်က လိုင်စင်ထုတ်ပေးတဲ့ တည်းခိုခန်းတွေမှာ နိုင်ငံခြားသားတည်းခွင့်မရှိဘူး။ အဲဒါ ဌာနက ထုတ်ထား တဲ့ ဥပဒေ၊ တည်းခိုခန်းတွေက နိုင်ငံခြားသားလက်ခံဖို့ ရည်ရွယ်ရင် လိုင်စင်လျှောက်ထဲက ဟိုတယ်နှင့် ခရီးမှာ လျှောက် ရမှာ”ဟု ဆိုသည်။

လက်ရှိ အနေဖြင့် တည်းခိုခန်းမျာတွင် နိုင်ငံခြားသားတွေတည်းခိုမှုရှိနေသည့်အတွက်ကြောင့် ဟိုတယ်နှင့် ခရီးသွား လာ ရေး ဝန်ကြီးဌာနမှနေ၍ ဌာနဆိုင်ရာများနှင့် ပူးပေါင်းကာ တည်းခိုခန်းနာမည်များကို အင်္ဂလိပ်လိုမရေးပဲ မြန်မာလို ရေးဖို့ ညွှန်ကြားတာဖြစ်တယ်လို့ ထားဝယ် စည်ပင်သာယာရေးကော်မတီ အမှုဆောင်အရာရှိ ဦးအောင်ကျော်ဖြိုးက ပြော သည်။

“ တည်းခိုခန်းကတော့ နိုင်ငံခြားသားတည်းခိုလို့မရဘူး။ လက်နက်ကိုင်အဖွဲ့စည်းတွေတည်းခိုလို့မရဘူး။ နောက်တစ်ခါ ဘုန်းကြီး ရဟန်းတွေ အရင်တည်းက ကန့်သတ်ထားတာ တည်းခိုလို့မရဘူး “ ဟု ဦးအောင်ကျော်ဖြိုး ကပြောသည်။

ယင်းကဲ့သို့ ညွှန်ကြားထားပြီး မြန်မာနာမည်သို့ မပြောင်းပါကလည်း အရေးယူရန် စီစဉ်ထားခြင်းမရှိသေးဘဲ နိုင်ငံခြား သား ကမ္ဘာလှည့် ခရီးသွာများ အဆင်ပြေစေရန် လုပ်ဆောင်ရခြင်းဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီး ဌာနမှ သိရသည်။

မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ် နိုဝင်ဘာလထိ ဟိုတယ် (၁၂၆၇) လုံး၊ အခန်းပေါင်း (၄၉၅၈၄) ခန်းရှိပြီး ခရီးသွား လုပ်ငန်း  ကုမ္ပဏီ စုစုပေါင်း (၁၉၂၂) ခုရှိသည်ဟု ဟိုတယ်ခရီး ဝန်ကြီးဌာနက ထုတ်ပြန်ထား သည်။

၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ခရီးသည် ၄ ဒသမ ၆ သန်း လာရောက်ခဲ့ပြီး သုံးပုံနှစ်ပုံမှာ အိမ်နီးချင်းနိုင်ငံများမှ နယ်စပ် ဖြတ်ကျော် နေ့ချင်းပြန် လာရောက်ကြသူများ ဖြစ်သည်။

၂၀၂၀ ခုနှစ်တွင် မြန်မာနိုင်ငံသို့ နိုင်ငံခြားခရီးသွားဧည့်သည် ၇ ဒဿမ ၅ သန်း ဝင်ရောက် လာနိုင်သည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာန က ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၅ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားဖူးသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly