“ Perfect lllusion” တေးသီချင်းသစ်ကို လက်နှိပ်စက်ဖြင့် ရေးသားခဲ့ကြောင်း လေဒီဂါဂါ ပြောကြား

“ Perfect lllusion” တေးသီချင်းသစ်ကို လက်နှိပ်စက်ဖြင့် ရေးသားခဲ့ကြောင်း လေဒီဂါဂါ ပြောကြား

နယူးယော့ခ် ၊ စက်တင်ဘာ ၉ ။             ။ ပေါ့ပ်ကြယ်ပွင့် လေဒီဂါဂါသည် ၎င်း၏တေးသီချင်းသစ် “ Perfect lllusion” ကို လက်နှိပ်စက်ဖြင့် ရိုက်နှိပ်ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

လေဒီဂါဂါသည်  Radio 1 ၏ Breakfast Show အစီစဉ်တွင် “ Perfect lllusion”  တေးသီချင်းကို ထုတ်လွှင့်ခဲ့ပြီး ထုတ်လုပ်သူ မက်ခ်ရွန်ဆန် နှင့်  Tame Impala ရော့ခ်တေးဂီတအဖွဲ့ ကီဗင်ပက်ခ်ကာတို့နှင့်အတူ တေးသီချင်းသစ် ရေးစပ်ခဲ့ပုံများကို ရှင်းလင်း ပြောကြားခဲ့သည်။

“ ကီဗင်ဟာ  သြစတြေးလျကနေ ကျွန်မတို့ဆီကို လေယာဉ်နဲ့ လာခဲ့တယ်။ သူက ဒီသီချင်းအစပိုင်းကို ဘယ်လိုလုပ်မယ်ဆိုတာ အကြံဉာဏ်ပေးတယ်။ ကျွန်မက လက်နှိပ်စက်ကို သုံးပြီး   တေးသီချင်း စာသားကို ရေးခဲ့တယ်။ တေးသွားတွေကိုလည်း ပြောင်းခဲ့တယ်။ ကျွန်မက စန္ဒယားကို တီးတယ်။ ကီဗင်က ဂစ်တာ တီးတယ်။ မက်ခ်က ဘယ်သံလျှပ်စစ်ဂီတာကို တီးတယ်” ဟု ဂါဂါက ပြောကြားခဲ့သည်။

ဂါဂါသည် လက်နှိပ်စက်ရိုက်နေသည့် ပုံများကို အွန်လိုင်းတွင် တင်ခဲ့ကြောင်း နှင့် ၎င်း၏တေးသီချင်း ရေးသားမှုပုံစံများကို ပထမဆုံးအကြိမ် အတည်ပြုပြောကြားခဲ့ခြင်းဖြစ်သည်။

“Perfect lllusion” တေးသီချင်း စာသားများသည် လူမှုရေး မီဒီယာတွင် ရှင်းလင်းချက ်မှတ်စုတစ်ခု ဖြစ်ခဲ့ကြောင်း ဂါဂါက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags