ရက်ပါ Notorious BIG နဲ့ တူပက်စ်တို့ အသတ်ခံရသည့် ဖြစ်ရပ်မှန် ရုပ်ရှင်ကားတွင် ဂျွန်နီဒပ် ပါ၀င်သရုပ်ဆောင်သွားမည်

ရက်ပါ Notorious BIG နဲ့ တူပက်စ်တို့ အသတ်ခံရသည့် ဖြစ်ရပ်မှန် ရုပ်ရှင်ကားတွင် ဂျွန်နီဒပ် ပါ၀င်သရုပ်ဆောင်သွားမည်

နယူးယော့ခ် ၊ စက်တင်ဘာ ၉ ။                    ။ ကမ္ဘာကျော် မင်းသား ဂျွန်နီဒပ်သည် ရက်ပါ Notorious BIG  နှင့် တူပက်စ်တို့နှစ်ဦး အသတ်ခံရသည့် ဖြစ်ရပ်မှန် ရုပ်ရှင်ကားတွင် ယင်းလူသတ်မှုကို စုံစမ်းစစ်ဆေးသော ရဲတစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်သွားမည်ဖြစ်သည်။

ယင်းရုပ်ရှင်ကားသည်  ဂျွန်နီဒပ် ကွာရှင်းပြတ်စဲပြီးနောက် ပထမဆုံး ပြန်ရိုက်သည့် ရုပ်ရှင်ကား ဖြစ်လာမည်ဖြစ်သည်။အသက်  ၅၃ နှစ်အရွယ်ရှိ ဂျွန်နီဒပ်သည် ရုပ်ရှင်ကားတွင် လော့စ်အိန်ဂျလိစ် ရဲတပ်ဖွဲ့  စုံစမ်းရေး ရဲ ရက်ဆဲလ်ပိုလီအဖြစ် သရုပ်ဆောင်သွားမည်ဖြစ်ကြောင်း  Hollywood Reporter တွင် ဖော်ပြထားသည်။

ပိုလီသည် ၁၉၉၇ ခုနှစ်က ရက်ပါ  Notorious BIG အသတ်ခံရမှု စုံစမ်းစစ်ဆေးမှုအတွက် လပေါင်းများစွာ အချိန်ယူခဲ့ရသည်။  ပိုလီသည် ၁၉၉၆ ခုနှစ်က လော့စ်အိန်ဂျလိစ်မြို့တွင် ဖြစ်ပွားခဲ့သော တူပက်စ် အသတ်ခံရမှုတွင် ရဲတပ်ဖွဲ့ဝင်များ ပါဝင်ပတ်သက်နေသည် ဟုဆထားသည်။ နောက်ဆုံးတွင်  ပိုလီသည်  ၎င်း၏တပ်ဖွဲ့အတွင်းရှိ  အကျင့်ပျက်ခြစားသော ရဲအရာရှိများသည် ပတ်ခတ်မှုတွင် ပါဝင်ခဲ့သော Bloods လမ်းသရဲဂိုဏ်း ၊ သေမှုသေခင်း မှတ်တမ်းတို့နှင့် ဆက်စပ်မှုရှိသည်ဟု ယူဆရကြောင်း  ကောက်ချက်ချခဲ့သည်။

လော့စ်အိန်ဂျလိစ် ရဲတပ်ဖွဲ့တွင် ၎င်း၏ရဲအရာရှိများနှင့် အငြင်းပွားမှုဖြစ်ပွားခဲ့ပြီး နောက်ဆုံးတွင်  ပိုလီသည် စောစီးစွာ အငြိမ်းစားယူခဲ့သည်။ ယင်းနောက်ပိုင်းတွင် အကျင့်ပျက်ခြစား အရာရှိများထက် လူသတ်မှုလုပ်ဆောင်ခဲ့သည့် အဖွဲ့များကို အဆုံးသတ်ခဲ့သော လော့စ်အိန်ဂျလိစ် ရဲတပ်ဖွဲ့ စုံစမ်းထောက်လှမ်းရေး ဂရက်ကာဒင်က ၂၀၀၆ ခုနှစ်တွင် ပိုလီ၏ရှာဖွေမှု တွေ့ရှိချက်များကို  စောဒကတတ်ခဲ့သည်။

ရုပ်ရှင်ကားကို ဒါရိုက်တာ ဘရက်ဒ်ဖာမန်က ရိုက်ကူးသွားမည်ဖြစ်ပြီး ထုတ်လွှင့်ပြသမည့်ရက်ကို ယခုအချိန်ထိ အတည်ပြု ပြောကြားခြင်း မရှိသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags