ဆိုးလ် ၊ စက်တင်ဘာ ၉ ။ ။ တောင်ကိုရီးယား အမျိုးသားအဆိုတော်အဖွဲ့ GOT7 သည် စတူဒီယိုတေးအယ်လ်ဘမ် နှင့်အတူ စက်တင်ဘာလကုန်တွင် ပြန်လာမည်ဖြစ်ကြောင်း သတင်းတစ်ရပ်တွင်ဖော်ပြထားသည်။
GOT7 သည် ၎င်းတို့၏ ဒုတိယမြောက် စတူဒီယိုတေးအယ်လ်ဘမ်ကို ထုတ်လွှင့်သွားမည်ဖြစ်သော်လည်း စက်တင်ဘာလကုန် ဒါမှမဟုတ် အောက်တိုဘာလတွင် ထွက်ရှိနိုင်ကြောင်း JYP အင်တာတိန်းမန့်က အတည်ပြုပြောကြားသည်။ တေးအယ်လ်ဘမ် ထွက်ရှိမည့်ရက် အတိအကျကို ယခုအချိန်ထိ ဆုံးဖြတ်ရခြင်းမရှိသေးပေ။
GOT7 သည် ၂၀၁၄ ခုနှစ်က ၎င်းတို့၏ ပထဆုံးစတူဒီယို တေးအယ်လ်ဘမ်“ Identify” ကို ဖြန့်ချိခဲ့သည်။ GOT7 အဖွဲ့ကို အဖွဲ့ဝင်ခုနစ်ဦးဖြင့် ဖွဲ့စည်းထားသည်။