ဂျပန် အလှမယ် ရွေးချယ်ပွဲမှာ အိန္ဒိယသွေးနှော ပရီရန်ကာ ယိုရှီကာဝါဟာ ၂၀၁၆ 'Miss Japan' အဖြစ် ရွေးချယ်ခံခဲ့ရပြီး ဒုတိယမြောက် ကပြား အလှမယ် အမျိုးသမီးတစ်ဦးလည်းဖြစ်လာပါတယ်။
ပထမဆုံး ကပြား အလှမယ်ကတော့ ပြီးခဲ့နှစ်က ဂျပန်နှင့် အာဖရိက-အမေရိကန် မိဘနှစ်ဦးတို့မှ ဆင်းတက်တဲ့ အာရီယာနာ မီယာမိုတိုဆိုသူ အမျိုးသမီးငယ်ဖြစ်ပါတယ်။
ယိုရှီကာဝါဟာ ဂျပန်မှာ အလှဆုံးအမျိုးသမီးအဖြစ် ရွေးချယ်ခံထားရတာဖြစ်ပြီး သူမဟာ ဝါရှင်တန်မှာ ကျင်းပမယ့် နိုင်ငံတကာ မယ်စကြာဝဌါပြိုင်ပွဲမှာ ဂျပန်နိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
တိုကျိုးဖွား အသက် (၂၂) နှစ် ယိုရှီကာဝါရဲ့ အဖေက အိန္ဒိယသား၊ အမေက ဂျပန်နိုင်ငံသားဖြစ်နေတဲ့အတွက် အလှမယ်ရွေးချယ်ခံရတာနဲ့ပတ်သက်လို့ 'ဂျပန် လူမျိုး' မစစ်ကြောင်း လူမှုကွန်ရက်တွေပေါ်မှာ ချီးမွမ်းမှုတွေနဲ့ ဝေဖန်မှုတွေ နှစ်ခုလုံး ရယူနေသူဖြစ်ပါတယ်။
"၂၀၁၆ ဂျပန်အလှမယ်အဖြစ် ရွေးချယ်ခံရလို့ ကျမ အလွန် ဂုဏ်ယူမိပြီး ထောက်ခံပံ့ပိုးခံသူတိုင်းကို အမှန်ပဲ ကျေးဇူးတင်ချင်ပါတယ်။"လို့ ယိုရှီကာဝါက သူမရဲ့ တရားဝင် တွစ်တာအကောင့်မှာ ရေးသားခဲ့ပါတယ်။
ပြီးခဲ့နှစ် ဂျပန်လို ‘ဟဖု’ လို့ ခေါ်တဲ့ ပထမဆုံး ကပြား အလှမယ်ဆုရှင် မီယာမိုတိုနောက်ပိုင်း ယိုရှီကာဝါဟာလည်း မီဒီယာ အများအပြားရဲ့ အာရုံစိုက်မှု ရရှိစေပါတယ်။
ဂျပန်နိုင်ငံမှာ ၂၀၁၃ ခုနှစ်က ‘ဟဖု’ လို့ ခေါ်တဲ့ ကပြား ကလေးငယ် မွေးဖွားမှုနှုန်းက (၁.၉) ရာခိုင်နှုန်းသာ ရှိကြောင်း နောက်ဆုံး တရားဝင် အချက်အလက်အရ သိရပါတယ်။
#BreakingNews Half-Indian 'elephant whisperer' crowned Miss Japan #MissJapan #PriyankaYoshikawa #Japan #Indians pic.twitter.com/tsYLM14sih
— The Gulf Today (@thegulftoday) September 5, 2016
Ref; EFE_EPA