Se7en နဲ့ လီဒါဟေးတို့ တွဲနေပြီဟု အေဂျင်စီများ အတည်ပြု

Se7en နဲ့ လီဒါဟေးတို့ တွဲနေပြီဟု အေဂျင်စီများ အတည်ပြု

ဆိုးလ်၊ စက်တင်ဘာ ၇ ။                 ။ တောင်ကိုရီးယားအဆိုတော် Se7en နှင့် သရုပ်ဆောင် မင်းသမီး လီဒါဟေးတို့နှစ်ဦး တွဲနေပြီဖြစ်ကြောင်း ၎င်းတို့၏ အေဂျင်စီများက အတည်ပြု ပြောကြားခဲ့ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

Se7en နှင့် လီဒါဟေးတို့သည် သက်တူရွယ်တူများဖြစ်ပြီး  သူငယ်ချင်းအရင်းကြီးများဖြစ်ကြောင်း နှင့် ယခုအခါ ၎င်းတို့နှစ်ဦးတွဲနေသည်မှာ တစ်နှစ်ကျော် ရှိနေပြီဖြစ်ကြောင်း စက်တင်ဘာ ၇ရက်က ထုတ်ပြန်သော အစီရင်ခံစာတွင် ပြောကြားထားသည်။

“ လီဒါဟေး နဲ့ Se7en တို့ဟာ သက်တူရွယ်တူ သူငယ်ချင်းတွေဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ချစ်သူတွေဖြစ်နေပါပြီ။ ပရိတ်သတ်တွေအနေနဲ့ သူတို့နှစ်ဦးရဲ့ ဆက်ဆံရေးကို နွေးနွေးထွေးထွေးကြိုဆိုပေးပါ။  သူတို့ရဲ့ အနုပညာ လှုပ်ရှားမှုတွေကိုလည်း ဆက်လက်ပြီး အားပေးကြပါ” ဟု လီဒါဟေး၏ အေဂျင်စီ JS Pictures က ပြောကြားသည်။

“  သူတို့နှစ်ဦးဟာ တွဲနေတာ လပေါင်းမျာစွာကြာနေပါပြီ။ ကျွန်တော်တို့ရဲ့ အနုပညာရှင်တွေကို ချစ်တဲ့ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။  ပရိသတ်တွေအနေနဲ့ Se7en ကို  နွေးထွေးစွာကြိုဆိုပေးပါ။ ဆက်လက်အားပေးကြပါ”ဟု  Se7en ၏ အေဂျင်စီ ELEVEN9က ပြောကြားသည်။

>

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly