“ Better Late Than Never” ရုပ်သံအစီစဉ်တွင် ဧည့်သည်သရုပ်ဆောင်အဖြစ် ပါ၀င်သွားမယ့် Girls’ Generation အဖွဲ့

“ Better Late Than Never” ရုပ်သံအစီစဉ်တွင် ဧည့်သည်သရုပ်ဆောင်အဖြစ် ပါ၀င်သွားမယ့် Girls’ Generation အဖွဲ့

ဆိုးလ်၊ စက်တင်ဘာ ၇ ။                        ။ တောင်ကိုရီးယား အမျိုးသမီးအဆိုရှင်အဖွဲ့ “ Girls’ Generation”သည် အမေရိကန် ရုပ်သံအစီစဉ်  “ Better Late Than Never” အပိုင်း၃တွင် ဧည့်သည် သရုပ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်သွားမည်ဖြစ်သည်။

ယင်းရုပ်သံအစီစဉ်သည် တောင်ကိုရီးယား၏ နာမည်ကျော် ရုပ်သံအစီစဉ် “ Grandpas Over Flowers” အစီစဉ်ကို ပြင်ဆင် ရိုက်ကူးထားခြင်းဖြစ်သည်။ ရုပ်သံအစီစဉ်တွင် ဝီလျံရှက်နာ ၊ ဟင်နရီဝင်ကလာ ၊ ဂျော့ဖိုးမန် နှင့် တယ်ရီဘရက်ဒ်ရှောတို့  ပါဝင်သရုပ်ဆောင်သွားမည်ဖြစ်သည်။

Girls’ Generation အဖွဲ့ဝင်များသည် ယင်းရုပ်သံအစီစဉ်တွင် ဧည့်သည် သရုပ်ဆောင်များအဖြစ် ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ပြီး ၎င်းတို့၏ အောင်မြင်ကျော်ကြားသော “ Gee” တေးသီချင်း သီဆိုပုံ နှင့် ကပုံကို အမေရိကန် အနုပညာရှင်များကို သင်ကြားပေးနေသည်။

အဖွဲ့ဝင် Tiffanyသည် သြဂုတ်လက လူမှုရေးမီဒီယာတွင် အငြင်ပွားဖွယ်ဖြစ်ပေါ်ခဲ့ပြီးနောက်ပိုင်း ရုပ်မြင်သံကြားတွင် ပထမဆုံးအကြိမ် ပါဝင်ခြင်းဖြစ်ပြီး အဆိုပါ ရုပ်သံအစီစဉ်၏ အထူးပွဲတွင်  Tiffany ကို တွေ့မြင်ခဲ့ရသည်။

“ Better Late Than Never” ရုပ်သံအစီစဉ် ရိုက်ကူးမှုသည် မကြာသေးမီက ကိုရီးယားသို့  ရောက်ရှိခဲ့ကြောင်း နှင့် အပိုင်း၃ကို “ Seoul Brothers” ဟု အမည်ပေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly