ကျန်းမာရေး အခြေနေကြောင့် အမေရိကန်ဖျော်ဖြေပွဲကို ရွှေ့ဆိုင်းလိုက်တဲ့ ဘီယွန်စေး

ကျန်းမာရေး အခြေနေကြောင့် အမေရိကန်ဖျော်ဖြေပွဲကို ရွှေ့ဆိုင်းလိုက်တဲ့ ဘီယွန်စေး

နယူးယော့ခ် ၊ စက်တင်ဘာ ၇ ။                       ။ ကမ္ဘာကျာ်အဆိုတော် ဘီယွန်စေးသည်   အသံပိုင်းဆိုင်ရာ အနားယူရန်လိုအပ်ကြောင်း ဆရာဝန်၏ ညွှန်ကြားချက်ကြောင့် ၎င်း၏  Formation  ကမ္ဘာလှည့်ဖျော်ဖြေပွဲ၏ အစိတ်ပိုင်းတစ်ခုဖြစ်သော နယူးဂျာဆီပြည်နယ ်ဖျော်ဖြေပွဲကို ရွှေ့ဆိုင်းခဲ့ကြောင်း သိရသည်။

 ယခုအခါ နယူးဂျာဆီဖျော်ဖြေပွဲကို အောက်တိုဘာ ၇ရက်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း  ထုတ်ပြန်သော အစီရင်ခံစာတွင် ဘီယွန်စေးက ပြောကြားထားသည်။ ဘီယွန်းစေးသည် စီစဉ်ထားသည့်အတိုင်း လော့စ်အိန်ဂျလိစ် ၊ ဟူစတျန် ၊ နယူးအော်လန် နှင့် အက်လန်တာအပါအဝင် မြို့များတွင် ဖျော်ဖြေပွဲများကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်သည်။

“ Lemonade” တေးအယ်လ်ဘမ်အတွက် အထောက်အပံ့ဖြစ်သော ယင်းကမ္ဘာလှည့်ဖျော်ဖြေပွဲကို ဧပြီ ၂၇ရက်က မီယာမီမြို့တွင် စတင်ကျင်းပခဲ့သည်။ ကမ္ဘာလှည့်ဖျော်ဖြေပွဲကို အောက်တိုဘာ ၂ရက်တွင် နက်စ်ရှာဗဲလ်မြို့တွင် အဆုံးသတ်ရန် စီစဉ်ထားသော်လည်း ယခုအခါ နယူးဂျာဆီဖျော်ဖြေပွဲသည် ဘီယွန်စေးဖျော်ဖြေမည့် နောက်ဆုံးဖျော်ဖြေ ပွဲရက်ဖြစ်လာနိုင်ဖွယ်ရှိသည်။

သီတင်းပတ်ကုန်က ၎င်း၏မွေးနေ့ အစိတ်ပိုင်းတစ်ရပ်အဖြစ် ဘီယွန်စေးသည် ဂျေဇီးနှင့်အတူ ဖီအာဒီလ်ဖီအာမြို့  Made in America Festival  ပွဲတော်သို့ တက်ရောက်ခဲ့ကြသည်။ ကင်ကာဒစ်ရှန် ၊ ဂျနီဖာဟော့ဒ်ဆန် နှင့် မာရီယာကာရေး တို့ အပါအဝင် နာမည်ကြီးအနုပညာရှင်များ လူမှုရေးမီဒီယာတွင် ဘီယွန်စေးအတွက် မွေးနေ့ ဆုတောင်းပေးခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags