သုံးလကြာတွဲဲပြီးနောက် တေလာဆွစ်ဖ် နှင့် တွမ်ဟစ်ဒဲလ်စတန်တို့ လမ်းခွဲလိုက်ပြီ

သုံးလကြာတွဲဲပြီးနောက် တေလာဆွစ်ဖ် နှင့် တွမ်ဟစ်ဒဲလ်စတန်တို့ လမ်းခွဲလိုက်ပြီ

လော့စ်အိန်ဂျလိစ် ၊ စက်တင်ဘာ ၇ ။                      ။ ပေါ့ကြယ်ပွင့် တေလာဆွစ်ဖ် နှင့် တွမ်ဟစ်ဒဲလ်စတန်တို့သည်  ချစ်သူသက်တမ်း သုံးလကြာပြီးနောက်  လမ်းခွဲလိုက်ပြီဖြစ်ကြောင်း သတင်း အရင်းမြစ်များက  အတည်ပြုပြောကြားကြောင်း  Us Weelky တွင် ဖော်ပြထားသည်။

“ တွမ်က တေလာနဲ့ အဆင်ပြေတာထက် နှစ်ဦးသားဆက်ဆံရေးကို လူသိရှင်ကြား ထုတ်ပြောချင်တယ်။ လူသိရှင်ကြား ထုတ်ဖော်ပြောလိုက်ရင် လူအများရဲ့တုံ့ပြန်မှုတွေ ရရှိလာမယ်ဆိုတာ   တေလာသိတယ်။ လူတွေရဲ့ဆိုးရွားတဲ့ တုံ့ပြန်မှုတွေနဲ့ ပတ်သက်လို့ တေလာက သူရဲ့ စိုးရိမ်ပူပန်မှုကို ပြောတဲ့အခါ တွမ်က နားမထောင်ခဲ့ဘူး။  အခုချိန်မှာတော့ သူတို့နှစ်ဦး လမ်းခွဲလိုက်ပါပြီ” ဟု သတင်းအရင်းမြစ်က ပြောကြားသည်။

၎င်းတို့၏ ဆက်ဆံရေး အဆုံးသတ်သွားခဲ့သည့်အတွက် ယခုအခါ တွမ်ဟစ်ဒဲလ်စတန်သည် စိတ်ကသိကအောက်ဖြစ်နေကြောင်း သတင်းအရင်းမြစ်တစ်ခုက ပြောကြားသည်။

ဟစ်ဒဲလ်စတန်သည် “ Thor: Ragnarok ” ရုပ်ရှင်ကား ရိုက်ကူးမှုအတွက် သြစတြေးလျသို့  သွားရောက်ခဲ့ပြီး တေလာက အမေရိကန်တွင် ရှိနေသည့်အချိန်က တင်းမာမှုများ စတင်ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

” သြဂုတ်လက သူတို့နှစ်ဦး ပထမဆုံး စကာများခဲ့ကြတယ်။ အဲ့ဒီကနေ တင်းမာမှုတွေ စတင်ဖြစ်ခဲ့တယ်။ နှစ်ဦးလုံးဟာ တင်းမာမှုကို ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်နိုင်ခဲ့တာမရှိဘူး။ သူတို့နှစ်ဦးဟာ သူငယ်ချင်းတွေအဖြစ် ဆက်လက်ရှိနေမှာပါ။ ”ဟု တေလာ နှင့် တွမ်ဟစ်ဒဲလ်စတန်တို့ နှစ်ဦးနှင့်နီးစပ်သော သတင်းအရင်းမြစ်က ပြောကြားသည်။

အသက် ၂၆ နှစ်အရွယ်ရှိ တေလာသည်  ဇွန်လက အသက် ၃၂ နှစ်အရွယ် စကော့တလန်ဒီဂျေသမား ကာလ်ဗင်ဟားရစ်နှင့် လမ်းခွဲခဲ့ပြီးနောက် သီတင်းပတ်နှစ်ပတ်အကြာ အသက် ၃၅ နှစ်အရွယ်ရှိ ကာလ်ဗင်ဟားရစ်နှင့် တွဲခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly