မင်းသမီး ကင်ဆိုယွန်း ( ယွန်မီ) နဲ့ လီဆောင်ဝူတို့နှစ်ဦး တွဲနေပြီဟု အတည်ပြု ပြောကြား

မင်းသမီး ကင်ဆိုယွန်း ( ယွန်မီ) နဲ့ လီဆောင်ဝူတို့နှစ်ဦး တွဲနေပြီဟု အတည်ပြု ပြောကြား

ဆိုးလ်၊ စက်တင်ဘာ ၆ ။                       ။ သက်တူရွယ်တူများဖြစ်သော တောင်ကိုရီးယားမင်းသား လီဆောင်ဝူ နှင့် မင်းသမီး ကင်ဆိုယွန်း ( ယွန်မီ) တို့နှစ်ဦးက  ၎င်းတို့နှစ်ဦး တွဲနေပြီဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့သည်။

လီဆောင်ဝူ နှင့် ကင်ဆိုယွန်း ( ယွန်မီ)တို့နှစ်ဦးသည် ယခင်က  MBC ရုပ်သံ၏ “ Happy Home” ဒရမ်မာ ဇာတ်ကားတွင် ပါဝင်ခဲ့ကြပြီး ယခုအခါ လက်တွေ့ဘဝတွင် တစ်ကယ့်ချစ်သူများ   ဖြစ်သွားကြပြီဖြစ်ကြောင်း သတင်းအရင်းမြစ်တစ်ခုက ပြောကြားသည်။

” Happy Home” ဒရမ်မာ ဇာတ်လမ်းတွဲကို ခြောက်လကြာ ပြသခဲ့ပြီးနောက် သြဂုတ် ၂၁ရက်က နောက်ဆုံးအပိုင်းကို ထုတ်လွှင့်ပြသခဲ့သည်။ အဆိုပါ ဇာတ်ကားတွင် ၎င်းတို့နှစ်ဦးသည်  ဇာတ်ကား အလယ်လောက်တွင် တစ်ဦးပေါ်တစ်ဦး စိတ်ဝင်စားစပြုလာပြီး ဇာတ်ကား နောက်ဆုံးပိုင်းလောက်တွင်  ချစ်သူများဖြစ်သွားကြသည့် အကြောင်းကို သရုပ်ဆောင်ထားကြောင်း သတင်းအရင်းမြစ်က   ပြောကြားသည်။

ယွန်မီသည် ၁၉၉၄ ခုနှစ်တွင် ပွဲဦးထွက် ဇာတ်ကားရိုက်ကူးခဲ့ပြီး “ All About Eve” ၊ “ IRIS” ၊ “ Prosecutor Princess” နှင့် အခြားသော ဇာတ်ကားများ အပါအဝင် ဒရမ်မာဇာတ်ကား အများအပြားတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။

လီဆောင်ဝူသည် ၂၀၀၅ ခုနှစ်က ပွဲဦးထွက် ဇာတ်ကား ရိုက်ကူးခဲ့ပြီး “ Goddess of Marriage” ၊ “ A Word From Warm Heart” ၊ “ All About My Mom” နှင့် အခြားသော ဇာတ်ကားများကဲ့သို့သော ဒရမ်မာဇာတ်ကားများတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။

ယွန်မီ နှင့် လီဆောင်ဝူတို့နှစ်ဦး၏ ဆက်ဆံရေး နှင့်စပ်လျဉ်း၍ နှစ်ဘက်အေဂျင်စီများက အတည်ပြုပြောကြားခဲ့ပြီး မကြာသေးမီက ၎င်းတို့နှစ်ဦး စတင်တွဲခဲ့ခြင်းဖြစ်ကြောင်း နှင့် ယခုအချိန်ထိ လက်ထပ်ဖို့   နှင့်စပ်လျဉ်း၍ မဆုံးဖြတ်ရသေးကြောင်း ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly