ဒန်နီရဲလ်ခရက်ကို ဂျိမ်းစဘွန်းရုပ်ရှင်ကား နှစ်ကားတွင် ပြန်လည် ပါ၀င်သရုပ်ဆာင်ပေးရန် အမေရိကန်ဒေါ် သန်း ၁၅၀ ဖြင့်ကမ်းလှမ်း

ဒန်နီရဲလ်ခရက်ကို ဂျိမ်းစဘွန်းရုပ်ရှင်ကား နှစ်ကားတွင် ပြန်လည် ပါ၀င်သရုပ်ဆာင်ပေးရန် အမေရိကန်ဒေါ် သန်း ၁၅၀ ဖြင့်ကမ်းလှမ်း

နယူးယော့ခ် ၊ စက်တင်ဘာ ၆ ။                  ။ ဂျိမ်းစဘွန်းမင်းသားကြီး ဒန်နီရဲလ်ခရက်ကို  ဂျိမ်းစဘွန်းရုပ်ရှင်ကား နှစ်ကားတွင်  ပြန်လည် ပါဝင်သရုပ်ဆောင်ပေးရန် အမေရိကန်ဒေါ်လာ သန်း ၁၅၀ ဖြင့် ကမ်းလှမ်းခဲ့ကြောင်း  သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

Sony စတူဒီယိုသည် ငယ်ရွယ်သော ဂျိမ်းစဘွန်းလက်သစ်ကို အဆင်ပြေပြေ ပြောင်းလဲလုပ်ဆောင်လိုခြင်းကြောင့် ဒန်နီရဲလ်ခရက်ကို  အကျိုးမြတ်များများဖြင့် ကမ်းလှမ်းခဲ့ခြင်းဖြစ်ကြောင်း  Radar တွင် ဖော်ပြထားသည်။

Sony  စတူဒီယိုသည် ငယ်ရွယ်သောဂျိမ်းစဘွန်းလက်သစ်ကို ပြုစုပျိုးထောင်နေစဉ် ဒန်နီရဲလ်ခရက်၏ သရုပ်ဆောင်မှုကို သေချာခိုင်မာအောင် လုပ်ဆောင်ခြင်းဖြစ်ကြောင်း သတင်းအရင်းမြစ် တစ်ခုက   ပြောကြားသည်။

“ အဆင်ပြေပြေနဲ့ ပြောင်းလဲမှုကို လုပ်ဆောင်ရာတွင်  Sony  ကုမ္ပဏီအနေနဲ့ကတော့ ဒန်နီရဲ့ဟာ အဓိကျတဲ့သူတစ်ဦးဖြစ်ပါတယ်”ဟု သတင်းအရင်းမြစ်က ပြောကြားခဲ့သည်။  Sony ကုမ္ပဏီသည် ဂျိမ်းစဘွန်းဇာတ်လမ်းတွဲအတွက် ဖြန့်ချိရေး လုပ်ပိုင်ခွင့်စာချုပ်ထပ်မံချုပ်ဆိုမှုကို မကြာမီ ကြေညာသွားမြည်ဖစ်သည်။

ဂျိမ်းစဘွန်း ရုပ်ရှင်ကား နှစ်ကားကို မကြာမီ ရိုက်ကူးသွားမည်ဖြစ်ပြီး  ဒန်နီရဲလ်သည် ဂျိမ်းစဘွန်းအဖြစ် ပါဝင် နိုင်ခြေရှိသည်။

“ Spectre” ရုပ်ရှင်ကား ထုတ်လွှင့်ပြီးနောက်ပြီး  ဂျိမ်းစဘွန်းမင်းသား လက်သစ်နှင့်စပ်လျဉ်း၍ ထင်ကြေးပေး ပြောကြားမှုများ မြှင့်တတ်လျက်ရှိသည်။ ထင်ကြေးပေး ပြောကြားခံနေရသော မင်းသားများ စာရင်းတွင် အီဒရစ်ခ်အယ်လ်ဘာ ၊ တွမ်ဟစ်ဒဲလ်စတန် ၊ အီဒန်တာနာ ၊ ဂျိမ်းစ်နော်တန် နှင့် မစ်ချဲလ်ဖက်စ်ဘန်ဒါတို့ ပါဝင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly