ဟစ်ဟော့ပ်တေးသံရှင် သုံးယောက်ပြောမယ့် နိုင်ငံတော်ကွာလတီအကြောင်း

ဟစ်ဟော့ပ်တေးသံရှင် သုံးယောက်ပြောမယ့် နိုင်ငံတော်ကွာလတီအကြောင်း
နိုင်ငံတော်ကွာလတီအခွေမှာ ပါဝင်သီဆိုမယ့် အဆိုတော် G-Tone။ (ဓာတ်ပုံ- ယဉ်မွန်ခိုင်)

စက်တင်ဘာ ၆၊ ရန်ကုန်။             ။ လူငယ်ကြိုက် ဟစ်ဟော့ပ်တေးသံရှင်တွေဖြစ်တဲ့ ဂျေမီ၊ ရန်ရန်ချမ်း နဲ့ G Tone တို့ရဲ့ " နိုင်ငံတော်ကွာလတီ" လို့ အမည်ပေးထားတဲ့ အခွေ အောက်တိုဘာလမှာ ထွက်ရှိမှာဖြစ်ပါတယ်။

 အခွေမှာ ပါဝင်သူ G Tone က " ကျွန်တော်တို့ သုံးယောက် လုပ်ထားတဲ့ အခွေလေးပါ။ လုပ်နေတာတော့ ကြာပြီ ဒါပေမယ့် အလယ်မှာက အခြားအတွဲအခွေတွေနဲ့ အဖွဲ့ အတွက်လုပ်နေတော့ နည်းနည်းကြာ သွားတယ်။ ဒါပေမယ့် ပြန်လုပ်နေပြီဆိုတော့ ဒီသီတင်းကျွတ်လောက်ဆိုရင်တော့ ပရိသတ်လက်ထဲကို အရောက်ပေးနိုင်မှာပါ။" လို့ပြောပါတယ်။ လွန်ခဲ့တဲ့ သုံးနှစ်က ရိုက်စား အမည်ရှိ တေးစီးရီး အယ်လ်ဘမ် ထွက်ရှိထားခဲ့ပြီး ယခု ထွက်ရှိမယ့် နိုင်ငံတော်ကွာလတီ အခွေကတော့ ၎င်းရဲ့ ဒုတိယမြောက် အယ်လ်ဘမ်ဖြစ်ကြောင်း G Tone က ပြောပါတယ်။

ယခင်ထွက်ရှိခဲ့တဲ့ ရိုက်စားအခွေဟာ ရက်ပ်တေးစီးရီးလောကမှာ သီချင်းအပုဒ်ရေ အများဆုံးပါဝင်တဲ့ အခွေလို့ သတ်မှတ်ခံခဲ့ရပေမယ့် နိုင်ငံတော်ကွာလတီအခွေမှာတော့ တေးစီးရီးမှာတော့ တေးသီချင်း ခုနစ်ပုဒ်ကနေ ရှစ်ပုဒ်အထိပဲ ပါဝင်မှာ ဖြစ်ပါတယ်။

" သီချင်းတွေ အကုန်လုံးက ကျွန်တော်တို့ ကိုယ်တိုင်ရေးတဲ့ Own Tune တွေပါ။ ရုန်းကန်ခဲ့ရတဲ့ ဘဝတွေ အကြောင်း၊ ဟစ်ဟော့ပ်အကြောင်းတွေရယ် နောက် ဆိုနေကျ အချစ်သီချင်းပုံစံလေးတွေ ပါပါမယ်။ ဆိုထားတာကတော့ သုံးယောက်စလုံးဆိုလို့ရမယ့် သီချင်းတွေပါပဲ။ နောက် ထူးခြားတာက ကျွန်တော် အရမ်းကြိုက်တဲ့ အဆိုတော်တစ်ယောက်ရဲ့ သီချင်းကို Remix ပြန်လုပ်ပြီး ဆိုထားလေးပါမယ်" လို့ G Tone က ပြောပါတယ်။

အဆိုပါ နိုင်ငံတော် ကွာလတီ အခွေကို ခရီးတွေသွားရင်း လုပ်ခဲ့တာမို့ နေရာစုံက သီချင်းပုံစံအစုံကို ခံစားရမှာလည်းဖြစ်ပါတယ်။ Audio CD ထွက်ရှိမှာ ဖြစ်ပေမယ့် MTV ကိုပါ ပရိသတ်လက်ထဲ  အမီ ရောက်ရှိနိုင်အောင် ကြိုးစားသွားမှာ ဖြစ်တယ်လို့ G Tone ကပြောပါတယ်။ G Tone က လက်ရှိမှာတော့ ထွက်ရှိခဲ့ပြီး ဖြစ်တဲ့ ရိုက်စားအခွေထဲက သီချင်းတွေဖြစ်တဲ့ ရော့ခ်အန်ရိုး ကို အွန်လိုင်းမှာ MTV ကြည့်ရှုနိုင်အောင် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly