လာမည့်လတွင် အာရှပရိသတ်တွေ့ဆုံပွဲ စတင်သွားမယ့် မင်းသား ကင်ဝူဘင်း

လာမည့်လတွင် အာရှပရိသတ်တွေ့ဆုံပွဲ စတင်သွားမယ့် မင်းသား ကင်ဝူဘင်း

ဆိုးလ် ၊ စက်တင်ဘာ ၅ ။            ။ တောင်ကိုရီးယား မင်းသား ကင်ဝူဘင်းသည် အောက်တိုဘာလတွင် ပြည်ပပရိသတ်များနှင့်တွေ့ဆုံရန် အာရှနိုင်ငံများသို့ သွားရောက်မည့် ခရီးစဉ်ကို စတင် သွားမည်ဖြစ်ကြောင်း ၎င်း၏အေဂျင်စီက စက်တင်ဘာ ၅ရက်တွင် ပြောကြားခဲ့သည်။

“ 2016 Kim Woo-bin Fan Meeting Spotlight” ဟု နာမည်ပေးထားသော ခရီးစဉ်ကို အောက်တိုဘာ ၃ရက်တွင် စတင်သွားမည်ဖြစ်ပြီး တရုတ် ၊ ဂျပန် ၊ ထိုင်း ၊ ထိုင်ဝမ်  နှင့် ဟောင်ကောင်တို့သို့ သွားရောက်မည်ဖြစ်ကြောင်း   အေဂျင်စီ Sidus HQ က ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။

ခရီးစဉ်သည်  သရုပ်ဆောင် နှင့် အဆို နှစ်ဖက်လုံးတွင် ကင်၏အရည်အသွေးကို ထုတ်ဖော်ပြသရန် အကူညီဖြစ်စေမည်ဖြစ်ကြောင်း အေဂျင်စီက ပြောကြားသည်။

လက်မှတ်များကို ticket.yes24.com  အွန်လိုင်းမှလက်မှတ်များရောင်းချသောဝက်ဆိုဒ်  YES24 ၌ စက်တင်ဘာ ၈ရက် ည၈နာရီအချိန်တွင် ရောင်းချပေးသွားမည်ဖြစ်သည်။ကင် နှင့် ဘေဆူဇီတို့ ပါဝင်သရုပ်ဆောင်ထားသော  KBS ရုပ်မြင်သံကြားဇာတ်လမ်းတွဲ “ Uncontrollably Fond” ကို ယင်းနေ့ညတွင် အပြီးသတ်ရိုက်ကူးသွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly