နှစ်ယောက်အတူ စျေးဝယ်ထွက်ခဲ့ကြတဲ့ လေဒီဂါဂါ နဲ့ ဘရက်ဒ်လေကော့ပါးတို့နှစ်ဦး

နှစ်ယောက်အတူ စျေးဝယ်ထွက်ခဲ့ကြတဲ့ လေဒီဂါဂါ နဲ့ ဘရက်ဒ်လေကော့ပါးတို့နှစ်ဦး

လော့စ်အိန်ဂျလိစ် ၊ စက်တင်ဘာ ၅ ။                     ။ ပေ့ါပ်ကြယ်ပွင့် လေဒီဂါဂါ နှင့် ဘရက်ဒ်လေကော့ပါးတို့နှစ်ဦးကို စက်တင်ဘာ ၄ရက် အလုပ်သမားနေ့က ကာလီဖိုးနီးယားပြည်နယ် မာလီဘူမြို့တွင်  အတူဈေးဝယ်ထွက်နေသည်ကို တွေ့ရှိခဲ့ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အသက် ၃၀ နှစ်အရွယ်ရှိ ဂါဂါက   ရုပ်ရှင်ကားကြီးတွင် အသက် ၄၁ နှစ်အရွယ် ကော့ပါး နှင့်အတူ ပွဲဦးထွက် ပါဝင်သရုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့ပြီးနောက် သီတင်းပတ်   နှစ်ပတ်အကြာတွင်  ယခုကဲ့သို့ အတူတွေ့ရှိခဲ့ခြင်းဖြစ်သည်။

ပေါ့ကြယ်ပွင့် လေဒီဂါဂါသည်  ကော့ပါး ပွဲဦးထွက် ဒါရိုက်တာလုပ်ကာ   ပြန်လည်ဆန်းသစ် ရိုက်ကူးမည့်  ဂန္တဝင် ရုပ်ရှင်ကား “ A Star Is  Born” တွင် ခေါင်းဆောင်မင်းသမီးနေရာမှ ပါဝင်သရုပ်ဆောင် သွားမည် ဖြစ်သည်။ ဂါဂါသည် ယင်းရုပ်ရှင်အတွက် တေးသီချင်းကို ရေးပေးမည် ဖြစ်သည့်အပြင် ပါဝင်သရုပ်ဆောင်သွားမည်ဖြစ်သည်။

ဂါဂါ နှင့် ကော့ပါးတို့နှစ်ဦးကို အတူတွေ့ရှိမှုသည်  ယခုအကြိမ်သည် ပထမဆုံးအကြိမ် မဟုတ်ပေ။ ဂါဂါ နှင့် ကော့ပါးတို့သည် ဧပြီလက ကာလီဖိုးနီးယားပြည်နယ် ဆန်တာမိုနီကာမြို့တွင် ဆိုင်ကယ် အတူစီးကာ  ညစားသွားစားခဲ့ကြသည်။

“ A Star Is Born” ရုပ်ရှင်ကားကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလတွင် ထုတ်လုပ်မှု စတင်ရန် မျှော်မှန်းထားကြောင်း  Varitey က ပြောကြားခဲ့သော်လည်း ရုပ်ရှင်ကားထွက်ရှိမည့် ရက်ကို ထုတ်ပြန်   ကြေညာခဲ့ခြင်းမရှိပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly