Telluride ရုပ်ရှင်ပွဲတော်ကို နာမည်ကျော် အမေရိကန်လေယာဉ်မှူးအကြောင်း ရိုက်ကူးထားသော “ Sully” ရုပ်ရှင်ကားဖြင့် ဖွင့်လှစ်

Telluride ရုပ်ရှင်ပွဲတော်ကို နာမည်ကျော် အမေရိကန်လေယာဉ်မှူးအကြောင်း ရိုက်ကူးထားသော “ Sully” ရုပ်ရှင်ကားဖြင့် ဖွင့်လှစ်

နယူးယော့ခ်၊ စက်တင်ဘာ ၃ ။                    ။  ယခုနှစ်၏  Telluride ရုပ်ရှင်ပွဲတော်ကို အမေရိကန်ပြည်ထောင်စု နယူးယော့ခ်မြို့ ဟက်ဒ်ဆန်မြစ်အတွင်း  လေယာဉ်ဝမ်းဖြင့် ရှပ်ဆင်းခဲ့သည့် နာမည်ကျော် အမေရိကန် လေယာဉ်မှူးအကြောင်းကို ရိုက်ကူးထားသော မင်းသားကြီး ကလင့်အိစ်ဝုဒ်၏ ရုပ်ရှင်ကားဖြင့် ဖွင့်လှစ်ခဲ့သည်။

၂၀၀၉ ခုနှစ် ဇန်နဝါရီလက ငန်းအုပ်ကို တိုက်မိခဲ့ပြီးနောက် လေယာဉ် အရေးပေါ်ဆင်းသက်ခဲ့ရာ အမေရိကန်လေကြောင်းလိုင်း လေယာဉ်ပေါ်တွင် လိုက်ပါလာသော ခရီးသည် ၁၅၅ ဦးလုံး အသက်ရှင်သန်ခဲ့ရသည်။

 မင်းသားကြီး အိစ်ဝုဒ်သည်  ၁၉၉၀ ခုနှစ်က  Telluride ရုပ်ရှင်ပွဲတော်တွင် “ White Hunter”  နှင့် “ Black Heart” ရုပ်ရှင်ကားများ ပြသခဲ့ပြီးနောက်  Tellurideရုပ်ရှင်ပွဲတော်တွင် “ Sully” ရုပ်ရှင်ပွဲဦးထွက် ပြသမှုသည် အိစ်ဝုဒ်၏ ပထမဆုံးရုပ်ရှင်ကားဖြစ်လာကြောင်း  Varitey တွင် ဖော်ပြထားသည်။

Telluride ရုပ်ရှင်ပွဲတော်တွင်  တေးဂီတဆိုင်ရာ ရုပ်ရှင်ကား “ La La Land” နှင့် သိပ္ပံစိတ်ကူးယဉ်ဒရမ်မာကား “ Arrival” တို့ကိုလည်း ပြသသွားမည်ဖြစ်ကြောင်း နှင့် အဆိုပါရုပ်ရှင်ကားနှစ်ကားကို ယခုသီတင်းပတ်က  ဗင်းနစ်ရုပ်ရှင်ပွဲတော်တွင် ပွဲဦးထွက်ပြသခဲ့ကြောင်း သိရသည်။

“ Sully” ရုပ်ရှင်ကားကို အမေရိကန်ပြည်ထောင်စု၌ စက်တင်ဘာ ၉ရက်တွင် ပြသသွားမည်ဖြစ်ပြီး ဗြိတိန် နှင့် အိုင်ယာလန်တို့၌ ဒီဇင်ဘာ ၂ရက်တွင် ပြသသွားမည်ဖြစ်သည်။ “ Sully” ရုပ်ရှင်ကားတွင်  မင်းသမီး လာရာလင်နေး နှင့် မင်းသား အာရွန်အက်ခ်ဟက်တို့ ပါဝင်သရုပ်ဆောင်ထားသည်။

Telluride ရုပ်ရှင်ပွဲတော်ကို  စက်တင်ဘာ ၂ ရက်မှ ၅ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags