ခရစ္စဘရောင်းရဲ့နေအိမ်တွင် ရဲတပ်ဖွဲ့ဝင်များ သေနတ်ရှာတွေ့ခဲ့ခြင်းမရှိဟု ခရစ္စဘရောင်း ရှေ့နေပြောကြား

ခရစ္စဘရောင်းရဲ့နေအိမ်တွင် ရဲတပ်ဖွဲ့ဝင်များ သေနတ်ရှာတွေ့ခဲ့ခြင်းမရှိဟု ခရစ္စဘရောင်း ရှေ့နေပြောကြား

လော့စ်အိန်ဂျလိစ် ၊ စက်တင်ဘာ ၃ ။             ။ အမျိုးသမီးတစ်ဦးက ခရစ္စဘရောင်းသည် ၎င်းကို သေနတ်ဖြင့် ချိန်ရွယ်ကာ ခြိမ်းခြောက်ခဲ့ကြောင်း  တိုင်တန်းမှုကြောင့် ရဲတပ်ဖွဲ့ နှင့်အတူ ခရစ္စဘရောင်း ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့သော်လည်း ရဲတပ်ဖွဲ့သည် ခရစ္စဘရောင်း၏နေအိမ်တွင် သေနတ်တွေ့ရှိခဲ့ခြင်းမရှိကြောင်း ခရစ္စဘရောင်းရှေ့နေက စက်တင်ဘာ ၂ရက်တွင် ပြောကြားခဲ့သည်။

 ရဲတပ်ဖွဲ့သည် အမျိုးသမီးတစ်ဦး၏ တိုင်တန်းမှုကို လက်ခံရရှိပြီးနောက် အသက် ၂၇ နှစ်အရွယ်ရှိ ဘရောင်းကို သေနတ်ဖြင့် ခြိမ်းခြောက်သည်ဟူသော သံသယရှိမှုဖြင့်  သြဂုတ်၃၀ရက် ဖမ်းဆီးခဲ့သည်။ခရစ္စဘရောင်းသည် ယင်းနေ့ညနေတွင်  အာမခံကြေး အမေရိကန်ဒေါ်လာ ၂၅၀ ၀၀၀ ဖြင့် ပြန်လွှတ်ခဲ့ကြောင်း နှင့် လော့စ်အိန်ဂျလိစ် အစိုးရရှေ့နေများက  တရားဝင် စွဲချက်တင်ခဲ့ခြင်းမရှိပေ။

ရဲတပ်ဖွဲ့သည် ဘရောင်းအပေါ် ယင်းအမျိုးသမီး၏ စွဲချက်နှင့်စပ်လျဉ်း၍ အသေးစိတ် ပြောကြားရန် ငြင်းပယ်ခဲ့သည်။ အမျိုးသမီးက ဘရောင်း၏သူငယ်ချင်းဖြစ်သူပိုင် စိန်လည်ဆွဲကို သဘောကျကြောင်း ပြောကြားနေစဉ် ဘရာင်းက ၎င်းအား သေနတ်ဖြင့် ခြိမ်းခြောက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု  လော့စ်အိန်ဂျလိစ်တိုင်းမ် နှင့်  TMZ တွင် ဖော်ပြထားသည်။

ဘရောင်း၏ရှေ့နေ မက်ခ်ဂီရာဂေါ့စ်က ရဲတပ်ဖွဲ့က ခရစ္စဘရောင်း၏နေအိမ်တွင် ရှာဖွေမှုပြုလုပ်စဉ်  မိမိသည် ဘရောင်း၏နေအိမ်တွင်ရှိနေခဲ့ကြောင်း နှင့် ရဲတပ်ဖွဲ့သည်  အမျိုးသမီး၏ စွဲချက်ကို အတည်ပြုနိုင်သည့် တစ်စုံတစ်ရာကိုမျှ ရှာဖွေတွေ့ရှိခဲ့ခြင်းမရှိကြောင်း သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

အမျိုးသမီး၏တိုင်ကြားချက်တွင် ဖော်ပြထားသော လက်ဝတ်ရတနာကိုလည်း  ရှာဖွေတွေ့ရှိခဲ့ခြင်းမရှိကြောင်း ရှေ့နေ ဂီရာဂေါ့စ်က ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly