ဖွံ ဖြိုးသည့် နိုင်ငံအဖြစ် မြင်လိုပါက တရားသေ မူဝါဒများ ဖြေလျော့သင့်ဟုဆို

ဖွံ ဖြိုးသည့် နိုင်ငံအဖြစ် မြင်လိုပါက တရားသေ မူဝါဒများ ဖြေလျော့သင့်ဟုဆို

နေပြည်တော်၊ စက်တင်ဘာ ၃ ။               ။ အနာဂတ် နိုင်ငံတော်တွင် နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်ရန်နှင့် လူ့အခွင့်အရးပြည့်ဝသော ၊ တရားဥပဒေအား ကောင်းသည့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တရားသေကိုင်စွဲသည့် မူဝါဒများကို ဖြေလျော့သင့်ပြီဖြစ်ကြောင်း လွှတ်တော် အမတ်များ အစုအဖွဲ့မှ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံတွင် တင်ပြခဲ့သည်။

“ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်ရန် နှင့် ကလေးငယ်များ၏ အနာဂတ် နိုင်ငံတော်မှာ လူ့အခွင့်အ ရေး ပြည့်ဝတဲ့ တရားဥပဒေအား ကောင်းတဲ့ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်အဖြစ်   မြင်လိုကြတယ်ဆိုရင် ဒီကနေ့ကျင်း ပ နေတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကြီးမှာ ပုဂ္ဂိုလ်တစ်ဦးချင်း အဖွဲ့အစည်းတစ်ခုချင်း မိမိတို့ရဲ့အတ္တတွေ တရား သေ ကိုင်စွဲတဲ့ မူဝါဒတွေ ကိုယ်ကျိုးစီးပွားတွေကို  ဒီအချိန်မှာ တင်းတင်းဆုပ်ထားဖို့မဖြစ်သင့်တော့ဟု ပြောကြားလိုပါ တယ်။ တိုင်းပြည်ရဲ့အကျိုးစီးပွား နိုင်ငံသူနိုင်ငံသားတွေရဲ့ အကျိုးစီးပွားအတွက်   ဖြေလျော့သင့်ကြပြီလို့ တင်ပြလိုပါတယ် ” ဟု လွှတ်တော်ကအမတ်များအစုအဖွဲ့မှ အမျိုးသားလွှတ်တော်အမတ် ဦးသိမ်းဆွေ က ညီလာခံတွင် ပြောသည်။

တိုင်းရင်းသားအရေး နှင့် ပြည်တွင်း ငြိမ်း ချမ်းရေးရရှိရေး အတွက် ပဋိပက္ခများ၏ အရင်းအမြစ်များကို ဖယ်ရှားပြီး အာ ဃာတ ကင်းစင်သော ပင်လုံစိတ်ဓတ်ကို အခြေခံသည့် နိင်ငံရေးတွေ့ဆုံ   ဆွေးနွေးပွဲများ ဆောင်ရွက်သွားရန်လိုကြောင်း လွှတ်တော်အမတ်များက ဆိုသည်။

၂၁ ရာစု ပင်လုံပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို သြဂုတ် ၃၁ ရက်နေ့မှစတင်ကာ စက်တင်ဘာလ ၃ ရက်နေ့အ ထိ လေးရက်တာကျင်းပခဲ့ပြီး အပစ်ရပ်စာချုပ်တွင် လက်မှတ်ရေးထိုးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ များ ၊ လက် မှတ်ရေးထိုးခြင်းမရှိသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ၊ အစိုးရ ၊ လွှတ်တော် ၊ တပ်မတော် ၊ နိုင်ငံရေး ပါ တီများ ပါဝင်သင့် ပါဝင်ထိုက်သူများ နှင့် အရပ်ဖက်လူ့အဖွဲ့စည်းများတက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို နေပြည်တော်တွင် လေးရက်တာ ကျင်းပပြီးနောက် စက်တင်ဘာလ ၃ ရက်နေ့ က ရပ်နားပြီးနောက် ၆ လအကြာတွင် ပြန်လည်ကျင်းပမည်ဖြစ်ကြောင်း ညီလာခံအပြီးပြုလုပ်သည့် သတင်းစာရှင်းလင်း ပွဲမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly