ပုဂံငလျင်အတွက် အခြားအဖွဲ့စည်းများကို အလှူခံခွင့်မပြုထား

ပုဂံငလျင်အတွက် အခြားအဖွဲ့စည်းများကို အလှူခံခွင့်မပြုထား

ရန်ကုန်၊ စက်တင်ဘာ ၃ ။          ။  ပုဂံ ယဉ်ကျေးမှုနယ်မြေတွင် ငလျင်ကြောင့် ပျက်စီးခဲ့သည့် စေတီ ၄၀၀ ကျော်ကို ပြင်ဆင်ရန် ရှေးဟောင်းသုတေသနမှ အလှူခံမည့် ဘဏ်အကောင့် တစ်ခုဖွင့်လှစ်ထားပြီး မလိုလားအပ်သည့် ကိစ္စရပ်များမဖြစ်စေရန်အတွက် အခြားမည် သည့် အဖွဲ့စည်းကိုမျှ အလှူခံခွင့်ပြုထားခြင်းမရှိကြောင်း ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းရေး ဒုဥက္ကဌ ဦးစိုင်းကျော်ဇာက ပြောသည်။

“ နေရာဒေသအသီးသီးကနေပြီးအလှူခံတယ်ဆိုရင် ပြဿနာဖြစ်မှာ စိုးလို့ပါ။ ကျွန်တော်တို့ မသိရတာ အများကြီး ရှိ တယ်လေ။ မယုံလို့တော့မဟုတ်ဘူးပေါ့ဗျာ" ဟု ဦးစိုင်းကျော်ဇောက ပြောသည်။

သြဂုတ်လ ၂၄ ရက် ညနေ ၅နာရီခန့်တွင် ချောက်မြို့ကို ဦးတည်ပြီး ၆.၈ အဆင့်ရှိ အင်အားပြင်း ငလျင်တစ်ခုလှုပ်ခတ်ခဲ့ သည့်အတွက် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေဖြစ်သည့် ပုဂံဒေသတွင် ဘုရားပေါင်း ၃၀၀၀ ကျော်ရှိသည့်အနက် ၄၀၀ ခန့်ထိခိုက်ပျက်စီးခဲ့ ရခြင်း ဖြစ်သည်။

အဆိုပါ ပျက်စီးသွားသော် စေတီများအား ပြန်လည်ပြုပြင်နိုင်ရန် ထည့်ဝင်လှူဒါန်းလိုသူများအတွက် ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) တို့မှ ကမ္ဘောဇ ဘဏ် ညောင် ဦးတွင် ဘဏ်စာရင်းဖွင့်လှစ်ထားခြင်းဖြစ်ပြီး မည်သည့်ဘဏ်တွင်မဆို လှူဒါန်းနိုင်သည့်အပြင် သက်ဆိုင်ရာ မြို့နယ် အ လိုက် အစိုးရအဖွဲ့ရုံးတွင်လည်းလှူဒါန်းနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။

“ ဘဏ်တွေဆီမှာ ညွှန်ကြားချက်တစ်ခုတော့ပေးထားတာပေါ့ ဘဏ်တွေမှာ (သို့) ပုဂံလာတဲ့သူတွေ တို့တို့တိတိ လှူ ချင်တယ် ဥပမာ ၁၀၀၀ တို့ ၂၀၀၀ တို့ ၅၀၀၀ တို့လှူချင်တဲ့သူကျတော့ အလှူခံပုန်းလေးတွေ ထားထားပေးတယ်” ဟု ဦးစိုင်းကျော်ဇောက ဆိုသည်။

မန္တလေး၊ ရန်ကုန်နှင့် အခြားမြို့များတွင် အလှူခံဌာနဖွင့်လှစ်သွားရန်ရှိကြောင်းလည်း ရှေးဟောင်းသုတေသနနှင့် အမျိုး သား ပြတိုက်ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က ပြောသည်။

စတင်ဘာလ ၃ရက်နေ့ထိ ပုဂံ ယဉ်ကျေးမှုနယ်မြေအတွင်း ပြန်လည်ပြုပြင်ရန်အတွက် ရရှိထားသည့် ငွေမှာ သိန်းပေါင်း နှစ်သောင်းခန့် ရှိကြောင်း ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းရေးမှ သိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သော ပုဂံရှေးဟောင်း ယဉ် ကျေးမှု နယ်မြေရှိ စေတီပုထိုးများကို အလျင်စလို မပြုပြင်ပဲ ယူနက်စကို၏ နည်းပညာ အကူအညီဖြင့် Work Plan ပြု လုပ်၍ သေ ချာ စီမံရန် မှာကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly