သြဂုတ်လ တစ်လအတွင်း ယာဉ်မတော်တဆမှု ၁၀၀ ကျော်ဖြစ်ပွား

သြဂုတ်လ တစ်လအတွင်း ယာဉ်မတော်တဆမှု ၁၀၀ ကျော်ဖြစ်ပွား

ရန်ကုန်၊ စက်တင်ဘာ ၂ ။                ။ ရန်ကုန်မြို့တွင် သြဂုတ်လ တစ်လအတွင်း ယာဉ်မတော်တဆမှုပေါင်း ၁၀၀ကျော်ဖြစ်ပွားခဲ့ကြာင်း အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ (ရန်ကုန်) မှ သိရသည်။

“မဆင်မခြင်မောင်းနှင် ၇၄မှု၊ ယာဉ်/ လမ်းစည်းကမ်းနားမလည်ခြင်း ၄၂ မှု၊ ယာဉ်မောင်းမကျွမ်းကျင်ခြင်း ၂၂ မှု၊ ၊ ခရီးသည်ပေါ့ဆ ၈ မှု၊ လမ်းသွားလမ်းလာကြောင့်ဖြစ်သည့်အမှု ၁၅ မှုနှင့်  မူးယစ်မောင်းနှင် ၄ မှု ရှိတယ်" ဟု အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ (ရန်ကုန်)မှ ဒုရဲမှူး ဝင်းမြင့်ဦးကပြောသည်။

သြဂုတ်လအတွင်း ရန်ကုန်မြို့တွင်ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ၃၄ ဦးရှိပြီး ဒဏ်ရာရသူ ၂၀၈ ဦး ရှိသည်ဟု ၎င်းကဆက်ပြောသည်။

အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ (ရန်ကုန်) မှ ယနေ့ထုတ်ပြန်ချက်အရ လိုင်းကား (ဘတ်စ်) ၂၃စီး၊ တက္ကဆီ ၂၃စီး၊ အဝေးပြေးယာဉ် ၂စီး၊ ကုန်တင်ယာဉ် ၁၉စီး၊ ကိုယ်ပိုင်ယာဉ် ၇၆စီး ဆိုင်ကယ် ၂၀စီး၊ ထော်လာဂျီ ၁စီး နှင့်  ဌာနဆိုင်ရာယာဉ် ၁စီး၊ စုစုပေါင်း ၁၆၅ စီး မတော်တဆမှု ဖြစ်ပွားခဲ့သည်ဟုသိရသည်။

ဖမ်းဆီးရမိသည့် အထဲတွင် ယာဉ်မောင်းလိုင်စင်ရှိ ၆၈၊ လိုင်စင်မရှိ ၄၅၊ စုစု ပေါင်း ၁၁၃ ရှိသည်ဟု ဒုရဲမှူး ဝင်းမြင့်ဦးကပြောသည်။ မြို့ပေါ်တွင် ၁၂၁ မှု၊ ကျေးရွာ ၄၄ မှု နှင့် နေ့တွင် ဖြစ်ပွားသည့်အမှု ၈၈မှု ရှိပြီး  ညတွင် ၇၇ မှုဖြစ်ပွားခဲ့သည်ဟု အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ (ရန်ကုန်) မှထုတ်ပြန်သည်။

ယာဉ်စည်းကမ်း လမ်းစည်းကမ်း ဖောက်ဖျက်သည့်ယာဉ်များကို Viber မှတဆင့် တိုင်ကြားမှုမှာ ကိုယ်ပိုင် ၅၁၀၅ မှု၊ တက္ကစီ ၄၁၀၈ မှု၊ လိုင်းကား (ဘတ်စ်) ၂၃၅၃ မှု၊ အခြားယာဉ် ၄၅၈ မှု  စုစုပေါင်း ၁၂၀၂၄ မှုထိရှိကြောင်း အဆိုပါ ထုတ်ပြန်ချက်အရသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly