မင်းသားဟွန်ဂျေ နဲ့ မင်းသမီး Kim Yeol တို့ လက်ထပ်တော့မည်

မင်းသားဟွန်ဂျေ နဲ့ မင်းသမီး Kim Yeol တို့ လက်ထပ်တော့မည်

ဆိုးလ်၊ စက်တင်ဘာ ၂ ။           ။ တောင်ကိုရီးယား မင်းသား လီဟွန်ဂျေ နှင့် မင်းသမီး  Kim Yeol တို့သည် ဂမ်နမ်ဒေသ၌ အောက်တိုဘာ ၃ရက်တွင် မင်္ဂလာပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း  TVReport က စက်တင်ဘာ၂ရက်တွင် ပြောကြားခဲ့သည်။

လီဟွန်ဂျေ နှင့် Kim Yeol တို့သည် သူငယ်ချင်း အရင်းကြီးများဖြစ်ကြပြီး ပြီးခဲ့သည့်နှစ်က စတင်တွဲခဲ့ခြင်းဖြစ်ကြောင်း သတင်းအရင်းမြစ်တွင် ဖော်ပြထားသည်။ လီဟွန်ဂျေ နှင့် Kim Yeol တို့စုံတွဲသည် ၎င်းတို့၏ ရင်းနှီးသော သူငယ်ချင်းများ နှင့် မိသားစုဝင်များကို ဖိတ်ကြားထားပြီးဖြစ်ပြီး မင်္ဂလာဓာတ်ပုံများလည်း ရိုက်ကူးပြီးစီးပုံပေါ်သည်။

“ နှစ်ဘက်အသိုင်းအဝိုင်းက အနုပညာလောကတွင် သူတို့နှစ်ဦးရဲ့ ပညာရေးနဲ့ အနုပညာအလုပ်တွေ ဟန်ချက်ညီစေဖို့ လက်ထပ်ပွဲကို ရှေ့တိုးလုပ်ဆောင်ဖို့ ဆုံးဖြတ်ခဲ့တယ်။မင်္ဂလာပွဲဟာ ကတိုက်ကရိုက်   ပြုလုပ်တဲ့ မင်္ဂလာပွဲမဟုတ်ပါဘူး”ဟု သတင်းအရင်းမြစ်တစ်ခုက ပြောကြားသည်။

လီဟွန်ဂျေ နှင့်  Kim Yeol တို့နှစ်ဦးဟာ အောက်တိုဘာလတွင် လက်ထပ်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း လီဟွန်ဂျေ၏ အေဂျင်စီက အတည်ပြုခဲ့သည်။

လီဟွန်ဂျေသည် ရော့ခ်တေးဂီတအဖွဲ့  Mateတွင် ဒရမ်မာသမားတစ်ဦးဖြစ်ခဲ့ပြီး လက်ရှိအချိန်တွင် မော်ဒယ် နှင့် မင်းသားအဖြစ် လုပ်ကိုင်လျက်ရှိသည်။ လီဟွန်ဂျေသည် “ Shut Up! Flower Boy Band” နှင့် “ The Queen of Office” ကဲ့သို့သော ဒရမ်မာဇာတ်ကားများတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။

 Kim Yeol သည်  ယခင်က ထင်ရှားကျော်ကြားသော မော်ဒယ်တစ်ဦးဖြစ်ပြီး “ The King’s Face” နှင့် “ The King of Dramas” ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly