ကာနေးဝပ်စ်၏ “ Famous” တေးသီချင်းတွင် အသုံးပြုခဲ့သော ၀တ်လစ်စလစ် ဖယောင်းရုပ်တုများကို အမေရိကန်ဒေါ်လာ ၄သန်းဖြင့် လေလံတင်ရောင်းချသွားမည်

ကာနေးဝပ်စ်၏ “ Famous” တေးသီချင်းတွင် အသုံးပြုခဲ့သော ၀တ်လစ်စလစ် ဖယောင်းရုပ်တုများကို အမေရိကန်ဒေါ်လာ ၄သန်းဖြင့် လေလံတင်ရောင်းချသွားမည်

လော့စ်အိန်ဂျလိစ် ၊ စက်တင်ဘာ ၂ ။                  ။ နာမည်ကျော် အဆိုတော် ကာနေးဝပ်စ်၏ မကြာသေးမီက ထွက်ရှိခဲ့သော အငြင်းပွားဖွယ် တေးဂီတဗီဒီယို “ Famous” တွင် အသုံးပြုခဲ့သော ဖယောင်းရုပ်တုများကို လော့စ်အိန်ဂျလိစ်မြို့ရှိ အနုပညာ       ပြခန်းတွင်  အမေရိကန်ဒေါ် လေးသန်းဖြင့် လေလံတင်ရောင်းချသွားမည်ဖြစ်သည်။

စက်တင်ဘာ ၁ရက်က ပြခန်းတွင် ကိုယ်ပိုင်ပြပွဲ ပြုလုပ်ခဲ့ကြောင်း နှင့် “ Famous” တေးသီချင်းဗီဒီယိုတွင် အသုံးပြုခဲ့သော ဝတ်လစ်စလစ် ဖယောင်းရုပ်တု ၁၂ ခုလုံးကို အမေရိကန်ဒေါ်လာ ၄သန်းဖြင့်   လေလံတင်ရောင်းချ သွားမည်ဖြစ်ကြောင်း ပြခန်းပိုင်ရှင် တင်ဘလမ်က ပြောကြားကြောင်း  New York Times တွင် ဖော်ပြထားသည်။

“ Famous” တေးဂီတဗီဒီယိုကို  ဇွန်လနှောင်းပိုင်းက လော့စ်အိန်ဂျလိစ်မြို့ အင်ဂဲဝုဒ်ရှိ  The Forum တွင် ပွဲဦးထွက်ပြသခဲ့ရာ သဘောထား ကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့ပြီး လူအများက ယင်းဗီဒီယိုသည် စာနာစိတ်ကင်းမဲ့ကြောင်း စွပ်စွဲပြောကြားခဲ့သည်။

တေးသီချင်းဗီဒီယိုတွင်   ကုတင်ပေါ်၌ လဲလျောင်းနေသည့် ကာနေးဝပ်စ် နှင့် ဇနီးဖြစ်သူ ကင်ကာဒစ်ရှန်တို့ကို ကိုယ်စားပြုသော ဖယောင်းရုပ်တုများ၏ ဘေးတစ်ဘက်တစ်ချပ်တွင်  ကာတလေဂျန်နာ ၊ ဂျော့ဒဗလျူဘုရှ် ၊ ဒေါ်နယ်ထရပ် ၊ တေလာဆွစ်ဖ် ၊ အန်နာဝင်တွာ ၊ အမ်မာရို့စ်  ၊ ရီဟားနား ၊ ခရစ္စဘရောင်း ၊ ဘေလ်ကိုစ်ဘီ နှင့် ရေးဂျေတို့၏ပုံတူ ဝစ်လစ်စလစ် ဖယောင်းရုပ်တုများ လဲလျောင်းနေကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly