မင်းသားကြီး ဂျင်မ်ဘရော့ဒ်ဘက် “ Game of Thrones” ဇာတ်ကား အပိုင်း ရ တွင် ပါ၀င်သရုပ်ဆောင်သွားမည်

မင်းသားကြီး ဂျင်မ်ဘရော့ဒ်ဘက် “ Game of Thrones” ဇာတ်ကား အပိုင်း ရ တွင် ပါ၀င်သရုပ်ဆောင်သွားမည်

လော့စ်အိန်ဂျလိစ် ၊ စက်တင်ဘာ ၂ ။                ။ အော်စကာဆုရှင် မင်းသားကြီး ဂျင်မ်ဘရော့ဒ်ဘက်သည် ရုပ်မြင်သံကြားစိတ်ကူးယဉ်ဇာတ်ကား “Game of Thrones” အပိုင်း ၇တွင် ပါဝင်သရုပ်ဆောင် သွားမည်ဖြစ်ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဘရော့ဒ်ဘက်၏ ဇာတ်ကောင် စရိုက်နှင့်စပ်လျဉ်း၍ အသေးစိတ် ပြောကြားခြင်း မရှိသေးသော်လည်း ပြောရေးဆိုခွင့်ရှိသူ တစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍  Entertainment Weekly က ဘရော့ဒ်ဘက်သည် အရေးပါသော ဇာတ်ကောင်စရိုက်ကို သရုပ်ဆောင် သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

အသက် ၆၇ နှစ်အရွယ်ရှိ ဗြိတိန်မင်းသား ဘရော့ဒ်ဘက်သည် ၂၀၀၂ ခုနှစ်က “Iris” ရုပ်ရှင်ကားဖြင့် အော်စကာဆုရရှိခဲ့သည်။ဘရော့ဒ်ဘက်သည် “ War and Peace” ၊ “ London Spy” ကဲ့သို့သော ရုပ်မြင်သံကြား အစီစဉ်များတွင် ပါဝင်သရုပ်ဆောင်ခဲ့သည့်အပြင် “ Brooklyn” ၊ “ Paddington and the Birdget Jones” ဇာတ်လမ်းတွဲ ကဲ့သို့သော ရုပ်ရှင်ကားများတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။

ဘရော့ဒ်ဘက်သည် ဟယ်ရီပေါ်တာ ရုပ်ရှင်များမှ ပါမောက္ခ ဟောရစ်ဆလက်ဂါရွန် ဇာတ်ရုပ်ဖြင့် လူသိများကျော်ကြားခဲ့သည်။ ” Game of Thrones” ဇာတ်ကားအပိုင်း ၇ကို ဆောင်းရာသီတွင် ရိုက်ကူးသွားမည်ဖြစ်သည်။

“ Game of Thrones” ဇာတ်ကားသည် ၂၀၁၅ ခုနှစ်က  Emmy Awardsဆု ၁၂ဆု စံချိန်တင်ရရှိခဲ့ပြီး ယခုနှစ်က နောက်ထပ် ဆု ၂၃ ဆုအတွက် လျာထားခြင်းခံရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly