တစ်သက်တာ အောင်မြင်မှု အော်စကာဆုကို လက်ခံရယူမယ့် ဂျက်ကီချန်း

တစ်သက်တာ အောင်မြင်မှု အော်စကာဆုကို လက်ခံရယူမယ့် ဂျက်ကီချန်း

နယူးယော့ခ်၊ စက်တင်ဘာ ၂ ။          ။ အက်ရှင်မင်းသားကြီး ဂျက်ကီချန်းသည် တစ်သက်တာ အောင်မြင်မှု အော်စကာဆုကို လက်ခံရရှိမည်ဖြစ်ကြောင်း  Academy of Motion Picture Arts and Sciences က စက်တင်ဘာ ၁ရက်တွင် ပြောကြားခဲ့သည်။

အသက် ၆၂ နှစ်အရွယ်ရှိ ချန်းသည် ရုပ်ရှင်ဒါရိုက်တာ ဖရက်ဒရစ်ဝိုက်စ်မန် ၊ ဗြိတိန်ရုပ်ရှင် ဒါရိုက်တာ အန်နီဗီကုတ် နှင့် ဒါရိုက်တာ လင်စတော်မာစတာတို့နှင့်အတူ  ၂၀၁၆ Governors Awards ဆုကို လက်ခံရရှိသွားမည်ဖြစ်သည်။

တစ်ဦးချင်းစီသည် နိုဝင်ဘာလတွင် လော့စ်အိန်ဂျလိစ်မြို့၌ ကျင်းပပြုလုပ်မည့်  Governors Awards ဆုပေးပွဲ၌  ရုပ်ရှင်များတွင် ပါဝင်သရုပ်ဆောင်မှုအပေါ် ၎င်းတို့၏ တစ်သက်တာ အောင်မြင်မှုကို အသိအမှတ်ပြုသော အော်စကာဂုဏ်ပြုဆုကို ရရှိသွားမည်ဖြစ်သည်။

ချန်းသည် အသက် ၈နှစ်အရွယ်မှစတင်ကာ ရုပ်ရှင်ကားတွင် ပွဲဦးထွက် ပါဝင်သရုပ်ဆောင်ခဲ့ပြီး ဟောင်ကောင်ရှိ ဖိုက်တင်းရုပ်ရှင်ကား ၃၀ကျော်ကို ရေးသား ရိုက်ကူးခဲ့သည်။ ဂျက်ကီချန်းသည်   အော်စကာဆုကို ဘယ်တုန်းကမျှ ရရှိခဲ့ခြင်းမရှိပေ။

ချန်းသည် “ Kung Fu Panda” ၊ “ The Karate Kid” နှင့် “ Rush Hour” ကဲ့သို့သော ဟောလိဝုဒ် ရုပ်ရှင်ကားများတွင်လည်း ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိတ်သတ်များ၏ အားပေးမှုကို အခိုင်အမာ ရရှိထားသည်။

ဂျက်ကီချန်းသည် အမေရိကန်ဒေါ်လာ ၆၁သန်း ဝင်ငွေ ရရှိမှုဖြင့်  ဒုတိယကမ္ဘာ့  ကြေးအမြင့်ဆုံးရရှိသည့် မင်းသားအဖြစ် Forbes မဂ္ဂဇင်း၏ဖော်ပြမှုတွင် ပါဝင်ခဲ့ပြီး ယင်းနောက်တွင် ဒေါင်းနေဂျွန်ဆင်က  ရပ်တည်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly