စည်းကမ်းမဲ့ ယာဉ်များကို အရေးယူရန် ဌာနပေါင်းစုံပါသည့် အဖွဲ့ ဖွဲ့မည်

စည်းကမ်းမဲ့ ယာဉ်များကို အရေးယူရန် ဌာနပေါင်းစုံပါသည့် အဖွဲ့ ဖွဲ့မည်
ရန်ကုန်မြို့ အနော်ရထာလမ်းပေါ်တွင် ယာဉ်စည်းကမ်းမလိုက်နာသော ကားတစ်စီးအား ယဉ်စည်းကမ်းထိန်းသိမ်းရေးမှ ကရိန်းကားဖြင့် လာရောက်သည်ဆောင်သွားသည်ကို ၂၀၁၄ နိုဝင်ဘာလ ၃ရက်နေ့ က တွေ့ရစဉ်။ ဓာတ်ပုံ-မဇ္ဈိမ

ရန်ကုန်၊ စတင်ဘာ ၁ ။              ။ ရန်ကုန်မြို့ရှိ စည်းကမ်းမဲ့ ယာဉ်များကို ဖမ်းဆီးအရေးယူရာတွင် ပိုမိုထိရောက်ရန် ဌာနပေါင်းစုံပါဝင်သည့် အဖွဲ့ တစ်ခုကို ဖွဲ့စည်းသွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောသည်။

အဆိုပါ အဖွဲ့ကို စည်ပင်သာယာရေး ကော်မတီ၊ မထသ ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများဖြင့် ဖွဲ့စည်းရန် စီစဉ်နေသည် ဟု လည်း ၎င်းက ဆိုသည်။

ယာဉ် မရပ်ရသည့်နေရာတွင် ရပ်သည့်ကား၊ မကွေ့ရသည့် နေရာတွင်ကွေ့သည့်ကား၊ လမ်းပြောင်းပြန် မောင်းနှင်မှုနှင့် အရှိန်လွန်မောင်းနှင်မှုများကို ယာဉ်ထိန်းရဲများနှင့် ပူးပေါင်းဖမ်းဆီး အရေးယူနေပြီး ဌာနပေါင်းစုံပါသည့် ယာဉ်စည်း ကမ်းထိန်းသိမ်းရေးအဖွဲ့ကို ဖွဲ့စည်းရန် စတင်ဘာ ၁ရက်နေ့မှ စတင်ဆောင်ရွက်နေခြင်းဖြစ်ကြာင်း သိရသည်။

“အခုက မဖွဲ့ရသေးဘူး မနက်ဖြန်မှ အစည်းဝေးထိုင်ရမှာ။ အဓိက က စည်းကမ်း တအားပျက်တာတွေ များလာလို့ ” ဟု ဒေါက်တာမောင်အောင်က ပြောသည်။

အဓိက လမ်းမကြီးများတွင် စက်တင်ဘာလ ၁ရက်နေ့မှ စတင်ကာ  အရေးယူရန် စီစဉ်နေပြီး ပြည်လမ်း၊ ကမ္ဘာအေး ဘု ရားလမ်း၊ ကမ်းနားလမ်းနှင့် ဘုရင့်နောင်လမ်း အပါအဝင် လမ်းမကြီး ၁၁ လမ်းတွင် ဖမ်းဆီးအရေးမှု တွေဆောင်ရွက် သွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ အနေနှင့် မထသ ဗဟို ကို ဖျက်သိမ်း ကာ ရန်ကုန်တစ်မြို့လုံးတွင် ယာဉ်လိုင်း ၅၀ သာထားရှိရန်   ဆောင်ရွက်နေသည့်အပြင် လက်ရှိအချိန်ထိ ယဉ်လိုင်း ၂၆ လိုင်းကို ဖျက်သိမ်းပြီးကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly