အောက်တိုဘာလတွင် ဂီတလောကသို့ ပြန်လာမည့် Se7en

အောက်တိုဘာလတွင် ဂီတလောကသို့ ပြန်လာမည့် Se7en

ဆိုးလ် ၊ စက်တင်ဘာ ၁ ။                        ။ ကေပေါ့ကြယ်ပွင့်ဟောင်း Se7en သည် အေက်တိုဘာလတွင် ဂီတလောကသို့  ပြန်လာမည်ဖြစ်ကြောင်း ၎င်း၏ အေဂျင်စီ  Eleven9 ကပြောကြားခဲ့ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

Se7en သည် လက်ရှိအချိန်တွင်  အောက်တိုဘာလအစောပိုင်း၌ ထွက်ရှိမည့် တေးအယ်လ်ဘမ်အတွက် လုပ်ဆောင်လျက်ရှိကြောင်း  Eleven9  ကိုယ်စားလှယ်က စက်တင်ဘာ ၁ရက်တွင်   ပြောကြားခဲ့သည်။

 Se7enသည် ၎င်း၏အေဂျင်စီဟောင်း YG အင်တာတိန်းမန့်က ထွက်ရှိခဲ့ပြီးနောက်ပိုင်း  ထွက်ရှိမည့် ပထမဆုံးတေးအယ်လ်ဘမ်ဖြစ်ပြီး လေးနှစ်ခွဲကျော်ကာလတွင်  ထွက်ရှိခဲ့သည့် ပထမဆုံး   တေးအယ်လ်ဘမ်ဖြစ်လာမည်ဖြစ်သည်။

Se7en သည် ၂၀၁၃ ခုနှစ်က စစ်မှုထမ်းတာဝန် ထမ်းဆောင်သည့်အချိန်မှစ၍ ဂီတလောကနှင့် ကာလကြာရှည် အဆက်ပြတ်ခဲ့သည်။ Se7en သည် ၂၀၁၄ ခုနှစ်နှောင်းပိုင်းက စစ်မှုထမ်းတာဝန်များ ထမ်းဆောင်ပြီးခဲ့သော်လည်း  YG အင်တာတိန်းမန့် နှင့် စာချုပ်ထပ်မံ ချုပ်ဆိုခဲ့ခြင်းမရှိပေ။

ယင်းနောက်ပိုင်းတွင် Se7enသည်  ကိုယ်ပိုင်အေဂျင်စီ Eleven9 ကို တည်ထောင်ခဲ့ပြီး “ Elisabeth” ဂီတဆိုင်ရာ ပြဇာတ်တွင်  ပါဝင်သရုပ်ဆောင်ခဲ့သည်။ ယခုနှစ်အစောပိုင်းက Se7en သည်   တေးဂီတ ဗီဒီယိုနှင့်အတူ “ I’m Good” တစ်ကိုယ်တော် တေးသီချင်းကို ဇူလိုင်လတွင် ဖြန့်ချိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags