၀င်ငွေအများဆုံးရရှိတဲ့ မော်ဒယ်အဖြစ် ရပ်တည်နေတဲ့ ဂျီဆဲလ်ဘွန်ချန်

၀င်ငွေအများဆုံးရရှိတဲ့ မော်ဒယ်အဖြစ် ရပ်တည်နေတဲ့ ဂျီဆဲလ်ဘွန်ချန်

လော့စ်အိန်ဂျလိစ် ၊ စက်တင်ဘာ ၁ ။     ။ ဘရာဇီး မော်ဒယ် ဂျီဆဲလ်ဘွန်ချန်သည် Forbes  မဂ္ဂဇင်း၏ ကမ္ဘာပေါ်တွင် ဝင်ငွေအများဆုံးရရှိသည့် မော်ဒယ်စာရင်းတွင် ထိပ်ဆုံးနေရာမှ ထပ်မံ   ဖော်ပြခြင်းခံခဲ့ရကြောင်း နှင့် ယင်းသည် ဂျဲဆဲလ်အတွက်  ကမ္ဘာ့ဝင်ငွေအများဆုံး ရရှိသည့် မော်ဒယ်စာရင်းတွင် ၁၄ကြိမ်မြောက် ထိပ်ဆုံးမှပါဝင်ခဲ့ခြင်းဖြစ်သည်။

ဘရာဇီးမော်ဒယ် ဂျီဆဲလ်သည်  ဝင်ငွေရရှိမှု ၃၀ရာခိုင်နှုန်း ကျဆင်းခဲ့သော်လည်း ပြီးခဲ့သည့်နှစ်က အမေရိကန်ဒေါ်လာ ၃၀ဒသမ၅ သန်း ဝင်ငွေရရှိကာ ကမ္ဘာ့ဝင်ငွေ အများဆုံးရရှိသည့်စာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်ခဲ့သည်။

ဂျီဆဲလ်သည် ၂၀၁၅ ခုနှစ်က အနုပညာလုပ်ငန်းကို ရပ်နားခဲ့သော်လည်း အလှပရေးရာ စာချုပ်များ နှင့် ထောက်ခံကြော်ငြာချက်တို့ကြာင့်  ကမ္ဘာပေါ်ရှိ လူသိများသော မော်ဒယ်များအကြားတွင် ဝင်ငွေရရှိမှု မြင့်တတ်နေဆဲဖြစ်သည်။ Chanel  နှင့် Carolina Herrera ကဲ့သို့သော အဆင့်မြင့်ဖက်ရှင် တံဆိပ်များအပြင်  Arezzo ရှူးဖိနပ်များ  နှင့်  Sky  ရုပ်သံကြော်ငြာစသည့် စာချုပ်များပါဝင်သည်။

ဘရာဇီးမော်ဒယ် အာဒရီအာနာလီမာသည် အမေရိကန်ဒေါ်လာ ၁၀ဒသမ၅ သန်းဖြင့် ဒုတိယ နေရာတွင်ရပ်တည်နေပြီး ကန်ဒဲလ်ဂျန်နာသည်အမေရိကန်ဒေါ်လာ ၁၀သန်းဖြင့် တတိယနေရာတွင် ရပ်တည်နေသည်။

ဗြိတိန်မော်ဒယ် ရိုစီဟန်တင်တန်ဝှိုက်တလေသည် အမေရိကန်ဒေါ်လာ ၉သန်းဖြင့် စတုတ္ထနေရာတွင် ရပ်တည်နေပြီး ဂီဂီဟာဒစ်သည် အမေရိကန်ဒေါ်လာ ငါးသန်းဖြင့် ပဉ္စမနေရာတွင် ရပ်တည်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly