မဘသ - မန္တလေးတိုင်း Facebook Page မှ ကိုဖီအာနန်ပုံ လွဲမှားဖော်ပြခြင်းကို မဘသ (ဗဟို)မှ ကန့်ကွက်

မဘသ - မန္တလေးတိုင်း Facebook Page မှ ကိုဖီအာနန်ပုံ လွဲမှားဖော်ပြခြင်းကို မဘသ (ဗဟို)မှ ကန့်ကွက်

 ရန်ကုန်၊ စတင်ဘာ ၁ ။              ။ မဘသ - မန္တလေးတိုင်း Facebook Page နှင့် The Washington Post သတင်းစာ၏ ဖော်ပြချက်များကို လုံးဝ ကန့်ကွက်ကြောင်း မဘသ ဗဟိုက စက်တင်ဘာလ ၁ရက်နေ့တွင် ထုတ်ပြန်စာတစ်ခု ထုတ်ပြန်ခဲ့သည်။

မဘသ-မန္တလေးတိုင်း ဟူသည့် Facebook (အတု ဟုဆိုသည့်) စာမျက်နှာ တွင် သရုပ်ဆောင် မော်ဂန်ဖရီးမန်း (Mor gan Freeman) ပုံပေါ်၌ WE NO NEED COFFEE ANNAN HE GO AWAY ဟု သြဂုတ်လ ၂၈ရက်က ရေးသားဖော်ပြခဲ့ ပြီး မဘသအဖွဲ့ကြီးသည် ၂ဝ၁၂ခုနှစ်က ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် မူဆလင်ရာပေါင်း များစွာ သေကြေခဲ့ရသော ပဋိပက္ခတွင် အားပေးအားမြှောက်ပြုခဲ့သည်ဟု စွပ်စွဲခံရသော အဖွဲ့ကြီးဖြစ်သည်ဟု The Washington Post သတင်း စာမှ သြဂုတ်လ ၃၀ ရက်တွင် ဖော်ပြခဲ့ခြင်းဖြစ်ပြီး ယင်းသို့လုပ်ဆောင်မှုများကို ကန့်ကွက်ကြောင်း မဘသ (ဗဟို) ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တ တိလောကာဘိဝံသ က လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

“ ထိုဖော်ပြချက်သည် မဘသ ကို နာမည်ပျက်အောင် တမင်သက်သက် လုပ်ကြံဖန်တီးထားခြင်း “ ဟု ၎င်း ထုတ်ပြန်စာ တွင် ဝေဖန်ထားသည်။

မဘသ ဗဟို အလုပ်မှုဆောင်များ ဆွေးနွေးတိုင်ပင်ပြီးမှ ယခုထုတ်ပြန်စာကို ဖော်ပြရသောကြောင့် အချိန်ကြာ သွား ရ ခြင်း ဖြစ်သည်ဟု ထုတ်ပြန်စာ ထုတ်ပြန်ရခြင်းနှင့် ပတ်သက်၍ ရှမ်းပြည်မြောက်ပိုင်း မဘသ ဥက္ကဋ္ဌ ဆရာတော် အရှင် အင်္ကုရက မဇ္ဈိမကို မိန့်သည်။

Kofi Annan ဥက္ကဋ္ဌ အဖြစ်ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်နှင့်ပတ်သက်၍ မဘသအဖွဲ့က မည်သည့် သဘောထားမှတ်ချက် မည်သည့်ကြေညာချက်ကိုမှ ထုတ်ပြန်ကြေညာခဲ့ခြင်း မရှိဟုလည်း ထုတ်ပြန်စာတွင် ဖော်ပြပါရှိသည်။

 မဘသ-မန္တလေးတိုင်း Facebook Page သည် အတုဖြစ်ပြီး  မန္တလေးတိုင်းမဘသနှင့် လုံးဝ ပတ် သက်ခြင်းမရှိ ကြောင်း ကို မန္တလေးတိုင်းဒေသကြီး မဘသအဖွဲ့က (၁၆.၇.၂ဝ၁၆) ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့ဖူးကြောင်းလည်း သိရ သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly