၀ူဘင်း ( ထယ်စောက်) နှင့် လီနာယောင်းတို့ အနုပညာလုပ်ငန်းများ ပြန်လည်လုပ်ဆောင်တော့မည်

၀ူဘင်း ( ထယ်စောက်) နှင့် လီနာယောင်းတို့ အနုပညာလုပ်ငန်းများ ပြန်လည်လုပ်ဆောင်တော့မည်

ဆိုးလ် ၊ သြဂုတ် ၃၁ ။           ။ တောင်ကိုရီးယားထိပ်တန်းစုံတွဲများဖြစ်သော ဝူဘင်း ( ထယ်စောက်) နှင့် လီနာယောင်းတို့သည် အနုပညာလုပ်ငန်များကို ပြန်လည် လုပ်ဆောင်တော့မည်ဖြစ်ကြောင်း ၎င်းတို့၏ အေဂျင်စီ  Eden 9 အင်တာတိန်းမန့်က ပြောကြားသည်။

ဝူဘင်းသည် “ The Man From Nowwhere” ရုပ်ရှင်ကားကို နောက်ဆုံးရိုက်ကူးခဲ့ပြီသည့် အချိန်မှစ၍ အနုပညာလောကနှင့် အဆက်သွယ်ပြတ်နေသည်မှာ ခြောက်နှစ်ရှိနေပြီဖြစ်ပြီး ၎င်းတို့စုံတွဲသည် အနုပညာလုပ်ငန်းများကို ပြန်လည်လုပ်ဆောင်တော့မည်ဖြစ်သည်။

လီနာယောင်းသည် ၂၀၁၁ ခုနှစ်က “ Howling” ရုပ်ရှင်ကားကို နောက်ဆုံးရိုက်ကူးခဲ့ကြောင်း ယင်းရုပ်ရှင်ကားကို ၂၀၁၂ ခုနှစ်က ထုတ်လွှင့်ခဲ့သည်။ ယင်းနောက်ပိုင်းတွင် လီနာယောင်းသည် ဂျပန် ရုပ်ရှင်ကား “ SPEC: Close” နှင့် “ Sad Scene” တို့တွင် ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ခဲ့သည်။

ဝူဘင်းတို့စုံတွဲသည် ဇာတ်ညွန်းများကို ဖတ်ရှုနေကြပြီး ပါဝင်သရုပ်ဆောင်ရမည့် ဇာတ်ကောင်စရိုက်များကို စဉ်းစားသုံးသပ်လျက်ရှိကြောင်း  Eden 9 အင်တာတိန်းမန့်က ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly