နာတာရှည် ရောင်ရမ်းမှုရောဂါ၏ နောက်ဆက်တွဲ ဖြစ်ပွားသည့် ကြောက်ရွံခြင်းကို ကုသဖို့ ခေတ္တအနားယူမည့် ဆလီနာဂိုမက်ဇ်

နာတာရှည် ရောင်ရမ်းမှုရောဂါ၏ နောက်ဆက်တွဲ ဖြစ်ပွားသည့် ကြောက်ရွံခြင်းကို ကုသဖို့ ခေတ္တအနားယူမည့် ဆလီနာဂိုမက်ဇ်

နယူးယော့ခ်၊ သြဂုတ် ၃၁ ။             ။ ပေါ့ပ်ကြယ်ပွင့်ဆလီနာဂိုမက်ဇ်က နာတာရှည်ရောင်ရမ်းမှုရောဂါကြောင့်  နောက်ဆက်တွဲဖြစ်ပွားသော ကြောက်ရွံခြင်း နှင့် စိတ်ဓာတ်ကျခြင်းများကို ကုသရန်အတွက် ခေတ္တအနားယူသွာမည်ဖြစ်ကြောင်း  သြဂုတ်၃၀ရက်က ပြောကြားခဲ့သည်။

နာတာရှည်ရောင်ရမ်းမှုရောဂါခံစားနေရကြောင်း ထုတ်ဖော်ပြောကြားပြီး တစ်နှစ်ခန့်အကြာ အသက် ၂၄ နှစ်အရွယ်ရှိ ဆလီနာဂိုမက်ဇ်က ၎င်း၏ “Revival” ကမ္ဘာလှည့်ဖျော်ဖြေရေးခရီစဉ်တွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

အမေရိကန်ပြည်ထောင်စုတွင် လူ ၁၅သန်းခန့်သည် နာတာရှည် ရောင်ရမ်းမှုရောဂါကို ခံစားနေရကြောင်း  Lupus  Foundation of America ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ဆလီနာဂိုမက်ဇ်သည်  ခေတ္တအနားယူမှုကို ဘယ်အချိန်တွင် စတင်မည် သို့မဟုတ်  ဥရောပ နှင့် တောင်အမေရိကတွင်အများဆုံး ကျန်ရှိနေသေးသော ၎င်း၏ ကမ္ဘာလှည့်ဖျော်ဖြေပွဲကို ဘယ်လိုလုပ်ဆောင်သွားမည်နှင့် စပ်လျဉ်း၍ ရှင်းရှင်းလင်းလင်း ပြောကြားခြင်းမရှိသေးပေ။

“ နာတာရှည်ရောင်ရမ်းမှုရောဂါကြောင့်  စိုးရိမ် ကြောက်ရွံခြင်း နဲ့ စိတ်ကျခြင်းဖြစ်နေတာကို ကျွန်မသိရှိထားတယ်။ ကျွန်မရဲ့ ပျော်ရွှင်မှုနဲ့ ကျန်းမာရေးအပေါ် ကြိုတင်ကာကွယ်စောင့်ရှောက်မှုတွေ လုပ်ချင်တယ်။ အကောင်းဆုံးနည်းလမ်းကတော့ ခေတ္တအနားယူတာဖြစ်လို့ ကျွန်မအနားယူဖို့ ဆုံးဖြတ်ခဲ့တယ်။ ကျွန်မအကောင်းဆုံးလုပ်ဆောင်နိုင်တာတွေကို လုပ်ဆောင်သွားဖို့ လိုအပ်နေပါပြီ ”ဟု ဆလီနာဂိုမက်ဇ်က ပြောကြားသည်။

ဆလီနာဂိုမက်ဇ်သည် ၂၀၁၄ ခုနှစ်က နာတာရှည် ရောင်ရမ်းမှုရောဂါကို ခံစားနေရကြောင်း ကနဦးသိရှိခဲ့သည့် အချိန်ကလည်း “ Star Dance” ကမ္ဘာလှည့်ဖျော်ဖြေပွဲ၏ ကျန်ရှိနေသည့် ဖျော်ဖြေပွဲတစ်ဝက်ခန့်ကို ပယ်ဖျက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly