အမ်တီဗီဆုပေးပွဲမှာ ပထမဆုံး ပြန်လည်ဖျော်ဖြေခဲ့တဲ့ ဘရစ်တနီစပီးယား

အမ်တီဗီဆုပေးပွဲမှာ ပထမဆုံး ပြန်လည်ဖျော်ဖြေခဲ့တဲ့ ဘရစ်တနီစပီးယား

လော့စ်အိန်ဂျလိစ် ၊ သြဂုတ် ၂၉ ။                  ။ ကမ္ဘာကျော်အဆိုတော် ဘရစ်တနီစပီးယားသည်  သြဂုတ် ၂၈ရက်ကကျင်းပပြုလုပ်သော အမ်တီဗီတေးဂီတဗီဒီယိုဆုပေးပွဲ (VMA) တွင် “ Make Me” တေးသီချင်းသစ်ဖြင့်ဖျော်ဖြေခဲ့ကြောင်း နှင့် ယင်းဖျော်ဖြေမှုသည် ဆယ်စုနှစ်တစ်စုအတွင်း  VMA ဆုပေးပွဲသို့ ပထမဆုံးအကြိမ်ဖြစ် ပြန်လည်လာရောက်ဖျော်ဖြေခြင်းဖြစ်သည်။

အသက် ၃၄ နှစ်အရွယ်ရှိ ဘရစ်တနီစပီးယားသည် ပြိုးပြိုးပြက်ပြက် လက်နေသော ရွှေရောင်ကိုယ်ကျပ်အကျီၤကိုဝတ်ဆင်ထားပြီး ရွှေရောင်လည်ကပ် နှင့် ဘွတ်ဖိနပ်အရှည်တို့ကို လိုက်ဖက်စွာ ဝတ်ဆင်ထားသည်။

ဘရစ်တနီစပီးယားသည် “ Make Me” တေးသီချင်းကို အမျိုးသမီးအကသမားလေးဦး နှင့် ရက်ပါ  G-Eazyတို့နှင့်အတူ  အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့သည်။ဘရစ်တနီစပီးယားသည် ၂၀၀၁ ခုနှစ်က VMA ဆုပေးပွဲတွင် “ I’m A Slave 4 You” တေးသီချင်းကို ဖျော်ဖြေခဲ့ရာတွင် ၎င်း၏ပုခုံးတွင် ကြီးမားသော မြွှေကြီးကို တွဲလောင်းချကာ သီဆိုဖျော်ဖြေခဲ့ပုံမှာ ဘရစ်တနီ၏ အမှတ်တရအရှိဆုံး   ဖျော်ဖြေမှုတစ်ခုဖြစ်သည်။

ဘရစ်တနီသည် သြဂုတ် ၂၆ရက်က ၎င်း၏နဝမမြောက် တေးသီချင်းအယ်လ်ဘမ် “ Glory” ကိုဖြန့်ချိခဲ့ကြောင်း နှင့် ယင်းတေးအယ်လ်ဘမ်သည် လူကြိုက်များမှုများရရှိခဲ့ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly