အမ်တီဗီ တေးဂီတ ဗီဒီယိုဆုပေးပွဲတွင် ဖျော်ဖြေသွားမယ့် ရီဟားနားနဲ့ အာရီအာနာဂရန်းဒ်

အမ်တီဗီ တေးဂီတ ဗီဒီယိုဆုပေးပွဲတွင် ဖျော်ဖြေသွားမယ့် ရီဟားနားနဲ့ အာရီအာနာဂရန်းဒ်

နယူးယော့ခ်၊ သြဂုတ် ၂၆ ။               ။ အမေရိကန်ပြည်ထောင်စု နယူးယော့ခ်မြို့Madison Square Garden တွင် ကျင်းပပြုလုပ်မည့် အမ်တီဗီတေးဂီတ ဗီဒီယိုဆုပေးပွဲတွင် ရီဟားနားနှင့် အာရီအာနာဂရန်းဒ်တို့ ဖျော်ဖြေသွားမည်ဖြစ် ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဘီယွန်စေးသည် ဆုလျာထားမှုစာရင်းတွင် ဆု ၁၁ ဆုဖြင့် ဦးဆောင်နေပြီး  အဒဲလ်သည် ဆုခုနစ်ဆုအတွက် နာမည်စာရင်း တင်သွင်းခံထားရပြီး ရီဟားနားသည် ဒီဂျေကာလ်ဗင်ဟားရစ်နှင့် ပူးပေါင်းသီဆိုထားသော “This is What You Came For” တေးသီချင်းနှင့် ဒရေ့ခ်နှင် ပူးတွဲသီဆို ထားသော “Work” တေးသီချင်းတို့တွက် ဆုများစွာ လျာထားခြင်း ခံထားရသည်။

သြဂုတ် ၂၈ ရက်တွင် ကျင်းပပြုလုပ်မည့် အမ်တီဗီတေးဂီတ ဗီဒီယိုဆုပေးပွဲတွင် ရီဟားနား သည် တစ်သက်တာ အောင်မြင်ဆုံးဆုနှင့် တန်းတူညီသော Michael Jackson Video Vanguard Award ဆုကို လက်ခံရရှိသွားမည် ဖြစ်သည့်အပြင် တေးဂီတဖြင့်လည်း ဖျော်ဖြေတင်ဆက်ပေးသွား မည် ဖြစ်သည်။

အမ်တီဗီတေးဂီတ ဗီဒီယိုဆုပေးပွဲတွင် ဘရစ်တနီစပီးယား၊ အာရီအာနာဂရန်းဒ်၊ နစ်ကီမင်နနှင့် နစ်ခ်ဂျုန်းတို့ကလည်း ဖျော်ဖြေပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အမ်တီဗီတေးဂီတ ဗီဒီယိုဆု ချီးမြှင့်ပွဲကို သြဂုတ် ၂၈ ရက်တွင် အမ်တီဗီရုပ်သံမှ တိုက်ရိုက် ထုတ်လွှင့် ပြသပေးသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly