မင်းသားနဲ့ စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်အဖြစ် ပါ၀င် သရုပ်ဆောင်သွားမယ့် မင်းသား ယိုဂျင်ဂူနဲ့ လီဂျောင်ဂျေး

မင်းသားနဲ့ စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်အဖြစ် ပါ၀င် သရုပ်ဆောင်သွားမယ့် မင်းသား ယိုဂျင်ဂူနဲ့ လီဂျောင်ဂျေး

ဆိုးလ်၊ သြဂုတ် ၂၆  ။             ။ တောင်ကိုရီးယားမင်းသား ယိုဂျင်ဂူနှင့် လီဂျောင်ဂျေးတို့သည် မကြာမီ ထုတ်လွှင့်ပြသမည့် “Opposition Forces” ရုပ်ရှင်ကားတွင် ပါဝင် သရုပ်ဆောင်သွားမည်ဖြစ်ကြောင်း Fox နိုင်ငံတကာ ရုပ်ရှင်ထုတ်လုပ်ရေးက သြဂုတ် ၂၅ ရက်က အတည်ပြု ပြောကြားခဲ့သည်။

ယင်းရုပ်ရှင်ကားသည် ၁၅၉၂ ခုနှစ်က ကိုရီးယားနိုင်ငံကို ဂျပန်တို့ ကျူးကျော်ဝင်ရောက် သည့် ကာလက မင်းသား Gwanghae သည် ဂျိုဆောင်ဘုရင်ကို ခုခံကာကွယ်ပေးရန် ကြိုးပမ်းခဲ့ပြီး ဘုရင် Seonjo သည် တရုတ်နိုင်ငံ မင်မင်းဆက်ထံ ထွက်ပြေးခိုလှုံခဲ့သည့် အကြောင်းကို ပုံဖော်ရိုက်ကူးသွား မည် ဖြစ်သည်။

ယိုသည် မင်းသား Gwanghae အဖြစ် သရုပ်ဆောင်သွားမည်ဖြစ်ပြီး လီသည် အတိုက်အခံ တပ်ဖွဲ့၏ စစ်ခေါင်းဆောင်အဖြစ် ပါဝင် သရုပ်ဆောင်သွာမည် ဖြစ်သည်။ ယင်းရုပ်ရှင်ကားကို ဒါရိုက်တာ Jeong Yoon-cheol က ရိုက်ကူးသွားမည် ဖြစ်သည်။

“Opposition Forces” ရုပ်ရှင်ကားကို စက်တင်ဘာ ၅ ရက်တွင် စတင် ရိုက်ကူးသွားမည် ဖြစ်ကြောင်းနှင့် လာမည့်နှစ်တွင် ထုတ်လွှင့်ပြသသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly